မူဆယ်မှ တရုတ်နိုင်ငံသို့ အင်ကြင်းကျောက်တင်ပို့
 
                                                    
                
	နွားထိုးကြီးမြို့မှ ထွက်ရှိတဲ့ အင်ကြင်းကျောက်များကို ၂၀ဝ၀ ပြည့်နှစ်မှ စတင်တူးဖော်ရောင်းချခဲ့ရာ လွန်ခဲ့တဲ့ ၁၀နှစ် ခန့်က ပုတီးစေ့ပြုလုပ်သော ကျောက်တစ်ပိဿာကို ကျပ် တစ်ထောင်ကျော်ခန့် ရရှိခဲ့ရာမှ ယခုအချိန်တွင်ကျပ်နှစ် ထောင်ကျော်အထိ ဖြစ်လာတယ်လို့ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးရွာမှ ပုတီးလုပ်ငန်းလုပ်ကိုင် သူ တစ်ဦးထံမှ သိရပါတယ်။
	မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ရက်သတ္တပတ် တွင် အမေရိကန်ဒေါ်လာ သုညဒသမ ဝ၄၇ သန်း တန်ဖိုးရှိ အင်ကြင်းကျောက် ၈ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က တင်ပို့ခြင်းမရှိခဲ့ဘဲ ယခုတစ်ပတ်မှ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
	နွားထိုးကြီးမြို့နယ်တွင် အင်ကြင်းကျောက် ကုမ္ပဏီ ၂၀ ကျော်ရှိပြီး အင်ကြင်းကျောက် အချောကိုင်လုပ်ငန်းကြောင့် ဒေသခံများပါ အလုပ်အကိုင်အဆင်ပြေကြောင်း၊ တရုတ် နိုင်ငံဈေးကွက်အပြင် ထိုင်း၊ ဟောင်ကောင်၊ ဥရောပ၊ မကာအို ဈေးကွက်များကပါ အင်တာနက်မှတစ်ဆင့် မှာယူကြကြောင်း သတင်းရရှိပါတယ်။                                            မော်မော်အောင်
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
