ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ မွေးထုတ်ပေးလျက်ရှိသောTrade Training Institute
	ကုန်သွယ်မှု သင်တန်းကျောင်း(Trade Training Institute - TTI) ) ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ တွင် စတင် ဖွင့်လှစ်ခဲ့သည့်။ ရန်ကုန်မြို့၊ ကမ်းနား လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးရုံးခွဲတွင် ဖွင့်လှစ်ထားရှိပါသည်။ TTI သည် သင်တန်းသား၊ သင်သန်းသူ ၈၈ ဦးဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အမှတ်စဉ် (၁)International Trade Basic Course Batch (1) ကို စတင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းကာလမှာ လေးလ ဖြစ်ပြီး တစ်နှစ်လျှင် သင်တန်းနှစ်ခုနှုန်းဖြင့် ဖွင့် လှစ် သင်ကြားခဲ့ရာ မကြာမီInternational Trade Basic Course Batch (9) ကို ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။
	
	အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်း
	ကုန်သွယ်မှုသင်တန်း  ကျောင်းသည် အသက် မွေးဝမ်းကျောင်းသင်တန်းကျောင်း (Vocational Training School) တစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်တန်းတွင် ပို့ချသော ဘာသာရပ်အကြောင်းအရာများ သည် လက်တွေ့ ဆန်ပြီး လုပ်ငန်းခွင်တွင် ချက်ခြင်းပြန်လည်အသုံး ချ၍ရသောကြောင့် ဖြစ်ပါသည်။
	အမေရိကန်ပြည်ထောင်စုမှ စီးပွားရေး ပညာရှင် ပါမောက္ခDr.Daniel Johnson သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင်  ကုန်သွယ်မှု သင်တန်းကျောင်းသို့ ရောက်ရှိစဉ် အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ပါသည်-
	]]ကျွန်တော်ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့တွေမှာရှိတဲ့ တက္ကသိုလ်ကြီး တွေကို ရောက်ရှိခဲ့ပါတယ်။ အဲဒီလို သွားရောက်စဉ် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လို စတင်ပါသလဲလို့ မေးတော့ ကျောင်းသားကျောင်း သူတွေက ကောင်းကောင်းမဖြေနိုင်ကြပါဘူး။ အခု တော့ ကျွန်တော်သိသွားပြီTTIဟာ စီးပွားရေး လုပ်ငန်းတစ်ခုကို ဘယ်လိုစတင်လုပ်ကိုင်ရတယ် ဆိုတာ သင်ကြားပေးတဲ့နေရာဆိုတာကိုပါ။ နောက် တစ်ခါ အဲဒီတက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေနဲ ့တွေ့ရင် ကျွန်တော်ပြောပြလို့ရပြီ}}
	သင်တန်းတွင် ကုန်သွယ်မှုနှင့် ဆက်နွယ် လျက်ရှိသော ဘာသာရပ်များကို လက်တွေ့လုပ် ဆောင်နေသော သင်တန်းနည်းပြများက သင် ကြားပို့ချသောကြောင့် ပိုမိုထိရောက်နားလည်လွယ် ပါသည်။ ယေဘုယျအားဖြင့်  လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်သော လုပ်ထုံး လုပ်နည်းများမှာ ၇၀ ရာခိုင်နှုန်းကျော် ပါဝင်ပြီး လုပ်ငန်းရှင်တစ်ယောက်အတွက် အနိမ့်ဆုံးသိရှိ နားလည်ထားရမည့် စီးပွားရေးနှင့် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး သဘောတရားများမှာ ၃၀ ရာခိုင်နှုန်းခန့်ပါဝင်သည်။
	
	သင်တန်းကာလနှင့် သင်ကြားသောဘာသာရပ်များ
	    သင်တန်းကာလမှာ ယေဘုယျအားဖြင့် လေးလနီးပါးကြာမြင့်သည်။ သင်တန်းကာလ လေးလခန့် ကြာသော်လည်း တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ သုံးရက်သာ သင်ကြားပြီး သင်ခန်းစာပို့ချချိန်မှာ နံနက် ၉း၃၀ နာရီမှ နေ့လယ် ၁၂း၃၀ နာရီအထိဖြစ်သည်။ တစ်ပတ်လျှင် သုံးရက်ဖြစ်ပြီး နံနက်ပိုင်းတွင်သာ သင်ကြားပို့ချ သောကြောင့် အလုပ်တစ်ဖက်နှင့် သင်တန်း တက်ရောက်လိုသူများအတွက် အဆင်ပြေကြောင်း သိရသည်။ သင်တန်းဖွင့်သည့် နေ့ရက်တွင်လည်း နံနက်ပိုင်းသင်တန်းတက်ပြီး ညနေပိုင်းမိမိ၏ ကုမ္ပဏီအလုပ်သို့ သွားရောက် အလုပ်လုပ်နိုင်သည့် သင်တန်းတစ်ခုဖြစ်သည်။
	ပို့ချသော ဘာသာရပ်အကြောင်းအရာများ စုံလင်လှပါသည်။ ဘာသာရပ်အကြောင်းအရာ စုံလင်သော်လည်း အဓိကအားဖြင့် ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသော အကြောင်းအရာများသာ ဖြစ်ပါသည်။ လက်တွေ့ဆန်သော ဘာသာရပ် များအဖြစ် ကုမ္ပဏီတည်ထောင်မှတ်ပုံတင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် သက်ဆိုင် သော ဝေါဟာရများ၊ အရောင်းအဝယ်စာချုပ်ချုပ် ဆိုခြင်း၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းနှင့် ငွေကြေးပေးချေမှုနည်းလမ်းများ၊ ပို့ကုန်နှင့် သွင်းကုန်လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်ရေး အာမခံ ထားရှိခြင်းနှင့် အာမခံ၏ အရေးပါပုံ၊ ဆိပ်ကမ်း အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ ဆိပ်ကမ်းရှင်းလင်းရေးကိစ္စရပ် များ၊ ပေးဆောင် ရမည့် အခွန်နှုန်းထားများနှင့် အခွန်၏သဘော သဘာဝ၊ ဆိပ်ကမ်းတွင် ကုန်ပစ္စည်း အတင်အချနှင့် ကွန်တိန်နာများ သယ်ယူပို့ဆောင်မှု၊ ကုန်ပစ္စည်း စစ်ဆေးရေးအဖွဲ့များ၏ အခန်းကဏ္ဍ၊ အငြင်းပွား မှုဖြေရှင်းခြင်း၊ စံချိန်စံညွှန်း စသည့် အကြောင်း အရာများကို တွေ့မြင်နိုင်ပါသည်။
	ထို့ပြင် သီအိုရီပိုင်းဆိုင်ရာ နားလည်သိရှိ ထားရမည့် ဘာသာရပ်များအဖြစ် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေးပေါ်လစီနှင့် သဘောတရား များ၊ စီးပွားရေးလုပ်ငန်းကျင့်ဝတ်  (Business Ethics) နိုင်ငံတကာစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု(International Business Management)
	 ဈေးကွက်သုတေသနနှင့် ဈေးကွက်တိုးတက်မှု နည်းလမ်းများ၊ အိမ်နီးချင်းနိုင်ငံများ၏ ကုန် သွယ်ရေး လုပ်ထုံးလုပ်နည်းများ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များ၏ အရေးပါပုံ၊ လွတ်လပ်သော ကုန်သွယ်မှုဒေသများ၊ ပင်ရင်း နိုင်ငံ သက်သေခံလက်မှတ်နှင့် ပင်ရင်းနိုင်ငံ စည်း မျဉ်း Certificate of origin and rules of origin)၊ တစ်ဖက်သတ် အကောက်ခွန်သက်သာခွင့်နှင့် ကင်းလွတ်ခွင့် (GSP)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံတို့၏ အခန်းကဏ္ဍ၊ နယ်စပ်ကုန်သွယ် ရေးနှင့် မျက်နှာစာအလိုက် ကုန်သွယ်မှုအခြေ အနေ၊ အွန်လိုင်းမှ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက် ထားခြင်း စသည့် အကြောင်းအရာများ ပါဝင်ပါသည်။
	
	စီးပွားရေးဟောပြောပွဲနှင့် လေ့လာရေးခရီးစဉ်များ
	အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်း တွင် အထက်ပါဘာသာရပ် အကြောင်းအရာများ အပြင် စီးပွားရေးဟောပြောပွဲ(Business Talk) များကိုလည်း ထည့်သွင်းစီစဉ်ထားသည်။ ထင်ရှားသည့် ပညာရှင်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဦးမြင့်၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာနုနုယဉ်၊ ဒေါက်တာမောင်မောင်သိမ်း၊ ခင်မောင်ညို (ဘောဂဗေဒ) စသည့် ဆရာကြီး၊ ဆရာမကြီးများက လာရောက်ဟောပြောပေး ပါသည်။ အဆိုပါ ဟောပြောပွဲများကို Public Seminor  အဖြစ် ကျင်းပပေးခြင်းဖြစ်သောကြောင့် လက်ရှိတက်ရောက်နေသော သင်တန်းသားများ နှင့် သင်တန်းသားဟောင်းများအပြင် စိတ်ပါ ဝင်စားသူတိုင်း အခမဲ့တက်ရောက်နိုင်ရန် စီစဉ် ဆောင်ရွက်ပေးပါသည်။
	ထို့ပြင်  TTI သည် သင်တန်းသားများ အတွက် လက်တွေ့လေ့လာသိရှိစေရန်အတွက် လေ့လာရေးခရီး(Plant Trip)များကိုလည်း ပို့ ဆောင်ပေးပါသည်။ အဆိုပါခရီးစဉ်များတွင် ရန်ကုန်သီလဝါဆိပ်ကမ်း၊ သီလဝါ အထူး စီးပွား ရေးဇုန်၊ ဒဂုံတောင်ပိုင်းစက်မှုဇုန်ရှိ မော်တော် ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံများ၊ ပရိ ဘောဂစက်ရုံနှင့် အထည်ချုပ်စက်ရုံများ၊ ထရန် စဖော်မာ ထုတ်လုပ်သည့် စက်ရုံများ၊ လှိုင်သာယာ နှင့် ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ၊ ပဲခွဲစက်၊ ဆန်စက်၊ အအေးခန်းသိုလှောင်ရုံများ၊ ရန်ကုန် အေးရှားဝေါလ်ဆိပ်ကမ်း၊ မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန်နှင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ဇုန် စသည်ဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ လေ့လာရေး ခရီးစဉ်များကိုလည်း စီစဉ်ပေးပါသည်။
	(ဆက်လက်ဖော်ပြပါမည်)
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
