ဖျာပုံခရိုင်တွင် Gasifier နှင့် ပတ်သက်သော ပညာပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ
	ျာပုံခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနဲ့ ခရိုင်ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီး ဖျာပုံမြိ့နယ်ဆန်စက် လုပ်ငန်းရှင်အသင်းရုံးမှာဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များရှိဆန်စက်လုပ် ငန်းရှင်များအားစပါးခွံသုံးGasifier  နှင့် ပတ် သက်သော ပညာပေးဆွေးနွေးပွဲအခမ်းအနား အား ဒီဇင်ဘာ ၁၄ရက်က ကျင်းပခဲ့ကြောင်းသိရ ပါတယ်။ အဆိုပါအခမ်းအနားသို့ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်နှင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊  ဆန်စက်လုပ်ငန်းရှင်ဥက္ကဋ္ဌများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၅၅ဦး  တက်ရောက် ခဲ့ကြပါတယ်။
	အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ် ရေးမှူးဦးဝင်းမြင့်ကအဖွင့်အမှာစကားပြောကြား ပြီးခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်းကိုယ်စား ဖျာပုံမြို့နယ်  ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ   ဦးအုန်းဟန်ကစက်ပိုင်များအနေဖြင့်Gasifier ကိုအသုံးပြုလာကြတဲ့အတွက် လုပ်ငန်း မှာ အသုံးဝင်သကဲ့သို့ တစ်ဖက်မှာလည်း ဘေး ထွက်ရေဆိုးများကြောင့် ရေနေသတ္တဝါတို့ရဲ့ ရှင် သန်မှုနဲ့ပတ်ဝန်းကျင်ရှိ လူနဲ့တိရစ္ဆာန်တို့ရဲ့ ကျန်း မာရေးကိုထိခိုက်မှုရှိစေတဲ့အတွက်  ရေဆိုးများ သန့်စင်နည်း(Recycle) ပြန်လည်အသုံးပြုတဲ့ ရေစစ်ကန်ပြုလုပ်ပုံအဆင့်ဆင့်တို့ကိုပညာပေး နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိ  ဌာနဆိုင်ရာများ အား အကူအညီတောင်းခံထားတဲ့အတွက်  လာ ရောက်ပြီး အသိပညာပေးခြင်းဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။
	ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှခရိုင်ဦးစီးမှူး  ဦးအောင်ကြည်ကGasifier  နှင့် ပတ်သက်တဲ့  ရေဆိုးသန့်စင်ခြင်း နည်းစနစ် (Waste Water Treatment Method)  နဲ့ စပါးခွံသုံးGasifier  စက်ရုံမှ စွန့်ထုတ်ရေဆိုးများ အားအနည်ထိုင်ကန်အဆင့်ဆင့်ထားကာ  အဖိုး နည်းဝန်ပါ ရေသန့်စင်နည်းစနစ်များကို ပါဝါပွိုင့် ဖြင့်ပြသရှင်းလင်းပါတယ်။ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူရေးရာ ဦးစီးဌာနရဲ့ လုပ်ငန်းစဉ်များနှင့်Gasifier  ကြောင့် ဆန်စက်များတိုင်ကြားခံရတဲ့ အကြောင်းလေးရပ်အား ရှင်းလင်းခဲ့ပါတယ်။
	ဆန်စက်ပိုင်ရှင်များအနေနဲ့ ရေဆိုးစွန့်ပစ် ကန်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလလယ်ခန့်တွင် အပြီးတပ်ဆင်ပြီး အသုံးပြုကြရမှာဖြစ်ကြောင်း သိရှိရပါတယ်။
	မောင်ဖျာပုံ
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
