ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှုလျော့ကျ

နိုဝင်ဘာ  ၁၂ ရက်မှ ၁၈ရက်အထိ   သီတင်းပတ်အတွင်း ချင်းရွှေဟော်နဲ့  လွယ်ဂျယ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၃၂ သန်းဖိုးရှိ ဆန် တန်ချိန် ၁၁၅၂၁တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် ချင်းရွှေဟော်မှလျော့နည်းပြီး လွယ်ဂျယ်စခန်းမှ   ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ချင်းရွှေဟော်စခန်းမှ ယခင်တစ်ပတ်က ငစိန်ဆန် ၄၁၂ တန် တင်ပို့ပြီး ယခု တစ်ပတ်မှာ၃၄၆တန်ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ၆၆တန် လျော့နည်းခဲ့ပါတယ်။ လွယ်ဂျယ်စခန်းမှ  ယခင်တစ်ပတ်က ငစိန်ဆန် ၈၆၆၆ တန်ကျော် တင်ပို့ပြီး  ယခုတစ်ပတ်မှာ ၁၁၁၇၄တန်ကျော်တင်ပို့နိုင်တဲ့အတွက် ၂၅၀၈ တန်ပိုမို တင် ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ သုညဒသမ၃၃၁သန်းဖိုးရှိ ဆန်ကွဲ ၁၁၈၆ တန်ကျော်ကို လွယ်ဂျယ်စခန်းမှတင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက်  ၄၄၃ တန် လျော့နည်းခဲ့ပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုဝင်ဘာ ၁၃ ရက်မှ၁၉ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာသုညဒသမ၅၀၆သန်းဖိုးရှိ  ဆန်ဖြူနဲ့ ပေါင်းဆန် စုစုပေါင်း ၁၂၇၄ တန်တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံသို့   ပေါ်ဆန်းဆန် ၂၄ တန်၊အီးယူနိုင်ငံများသို့ ပေါင်းဆန်တန် ၇၅၀ နဲ့ ဧည့်မထ ဆန်တန်၅၀ဝ တင်ပို့တာဖြစ်ပါတယ်။ ယခင်တစ်ပတ်က ဆန်ဖြူနဲ့ပေါင်းဆန် ၄၇၃၁ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၄၅၇တန်လျော့နည်းခဲ့ပါတယ်။ဆန်အပြင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉ သန်းဖိုးရှိဆန်ကွဲ   တန် ၄၇၀ဝ ကို အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်က ဆန်ကွဲ ၉၆၂၄ တန် တင်ပို့ခဲ့တဲ့အတွက်ယခု တစ်ပတ်မှာ ၄၉၂၄ တန် လျော့နည်းခဲ့ပါတယ်။ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိဆန်နဲ့ ဆန်ကွဲ တင်ပို့မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၆ ဒသမ ၂၉၈ သန်းနဲ့ တန်ချိန် ၆၆၁၁၁၇ တန်ဖြစ်ပါတယ်။ ဆန်
တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ   ၁၇၃ ဒသမ ၄၅၅ သန်းနဲ့ တန်ချိန် ၄၈၀၆၇၄၊ ဆန်ကွဲတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ၅၂ ဒသမ ၈၄၃ သန်း၊ တန်ချိန် ၁၈၀၄၄၃ ဖြစ်ပါတယ်။ ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General