ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ယူနန်ပြည်နယ်၊ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Liu Hui Yan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည်နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁၅းဝဝနာရီ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ယူနန်ပြည်နယ်မှ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Liu Hui Yan  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံခဲ့သည်။ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးတက်စေရေးအတွက် ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းသွားရေး၊ တရားမဝင်ကုန်သွယ်မှုထိန်းချုပ်တားဆီးရေးနှင့် တရားဝင်ကုန်သွယ်မှု  ဖြစ်ထွန်းစေရေးအတွက်နှစ်ဖက်ပူးပေါင်း  ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊မြန်မာနိုင်ငံမှ ဆန်တင်ပို့ရန်အတွက် ကိုတာတိုးမြှင့်ရရှိရေး၊  လယ်ယာထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်သွားရေးတို့အတွက်  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များနှင့်   တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။               
 

Agency Ministry of Foreign Affairs
Category General