မဂ္ဂါဝပ် ၃၀ဝ ထုတ်လုပ်မည့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို အမေရိကန်နိုင်ငံမှ Convalt Energy ကုမ္ပဏီရရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း မဂ္ဂါဝပ် ၃၀ဝ ထုတ်လုပ်မည့် နေစွမ်းအင်သုံးလျှပ်စစ်ဓာတ် အားပေးစီမံကိန်းကို အမေရိကန်နိုင်ငံမှConvalt Energyကုမ္ပဏီကရင်းနှီးမြှုပ်နှံခွင့်ရရှိသွားကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှသိရသည်။အဆိုပါစီမံကိန်းမှာ  အမေရိကန်ဒေါ်လာသန်း၄၈၀ခန့်တန်ဖိုးရှိသည့်စီမံကိန်းဖြစ်ပြီးစီမံကိန်းပြီးစီးပါကမန္တလေးတိုင်းဒေသကြီးအတွင်းရှိလျှပ်စစ်မီးမရရှိသေးသည့် ဒေသများသို့လျှပ်စစ်ဓာတ်အားများပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးဖြစ်သော်လည်းလက်ရှိအစိုးရလက်ထက်တွင်စွမ်းအင်နှင့်ပတ်သက်၍မူဝါဒအပြောင်းအလဲများရှိနေသောကြောင့်ရင်းနှီးမြှုပ်နှံမှုများကိုအလျင်စလိုလုပ်ကိုင်ခွင့်မပေးရခြင်းဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင် ကျော်ကပြောကြားခဲ့သည်။]]မြန်မာနိုင်ငံရဲ့  ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ စွမ်းအင်နဲ့လျှပ်စစ်ကဏ္ဍကအများဆုံးပါ။ဒါပေမယ့်စွမ်းအင်နဲ့ပတ်သက်ရင်မူဝါဒတွေကအပြောင်းအလဲတွေရှိနေတာကြောင့်လိုအပ်ချက်တွေရှိနေပေမယ့်လည်းရင်းနှီးမြှုပ်နှံမှုတွေကို အလျင်စလို လုပ်ကိုင်ခွင့်မပေးရတာပါ}} ဟု၄င်းကပြောကြားခဲ့သည်။ထို့ပြင်ထိုင်းနိုင်ငံမှကုမ္ပဏီတစ်ခုသည်လည်းမကွေးတိုင်းဒေသကြီးအတွင်းတွင် မဂ္ဂါဝပ် ၂၂၀ အထိ ထုတ်လုပ်ပေးနိုင်မည့်အမေရိကန်ဒေါ်လာ ၂၉၇ သန်းတန်ဖိုးရှိသည့် နေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံကို ဆောက်လုပ်ရန်အဆိုပြုလွှာတင်ထားကြောင်းသိရသည်။၂၀၁၅၁၆ခုနှစ်ဘဏ္ဍာနှစ်ကစွမ်းအင်နှင်သဘာဝဓာတ်ငွေ့ကဏ္ဍတွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း၈၁၇ဒသမ၇၉၀ရှိခဲ့ပြီးယင်းကဏ္ဍတွင်တရုတ်နိုင်ငံနှင့်စင်ကာပူနိုင်ငံတို့ကအများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရသည်။      
 

Agency Ministry of Foreign Affairs
Category General