အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၄ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခုအထိရှိလာခဲ့

ယခုနှစ်နှစ်စမှ အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၄ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခုတို့ကိုခွင့်ပြုပေးခဲ့ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏သတင်းထုတ်ပြန်ချက်များအရသိရသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုများ၏ ပမာဏစုစုပေါင်းမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၄၃ ဒသမ ၂၈၉ဖြစ်ပြီး မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၅၅ ဒသမ ၈၉၅ နှင့် ကျပ်သန်းပေါင်း ၂၈၂၇၂၄ ဒသမ ၂၇၉ ဖြစ်ကြောင်း သိရသည်။အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၆)မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းပေါင်း ၁၂ ခုကိုခွင့်ပြုခဲ့ပြီးရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာသန်းပေါင်း၁၃၈၀ဒသမ၄၅၄နှင့်အလုပ်အကိုင်ပေါင်း၇၇၅၃ခုကိုဖန်တီးပေးနိုင်ခဲ့သည်။အဆိုပါခွင့်ပြုလုပ်ငန်း၁၂ခုတွင်စက်မှုလုပ်ငန်းခုနစ်ခု၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးလုပ်ငန်းနှစ်ခု၊မွေးမြူရေး/ရေလုပ်ငန်းတစ်ခု၊ အခြားဝန်ဆောင်မှုလုပ်ငန်းတစ်ခုနှင့်လျှပ်စစ်ဓာတ်အားလုပ်ငန်းတစ်ခုတို့ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခုနစ်ခုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၅၆ ဒသမ ဝဝ၉ နှင့် ကျပ်သန်း ၁၀၇၆၉၇ ဒသမ၁၄၀ နှင့်အလုပ်အကိုင်ပေါင်း ၁၆၅၉ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ယင်းခွင့်ပြုလုပ်ငန်းခုနစ်ခုတွင်စက်မှုလုပ်ငန်းသုံးခု၊ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း   တစ်ခုနှင့်  အခြားဝန်ဆောင်မှုလုပ်ငန်း  သုံးခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။                                    
 

Agency Ministry of Foreign Affairs
Category General