အရောင်းအဝယ်အေးခဲ့တဲ့ ပုသိမ်ဆန်စပါးဈေးကွက် မိုးစပါးပေါ်ချိန် ဝယ်လိုအား အနည်းငယ်မြင့်တက်

ပုသိမ်မြို့၊  ဆန်စပါးဈေးကွက်တွင် အောက်တိုဘာလအတွင်းက အရောင်းအဝယ်အေးခဲ့ရာမှ ယခု မိုးကောက်စော စပါးသစ်များ၊ ဈေး ကွက် ဝင်ရောက်ချိန်တွင် ဝယ်လိုအားအနည်းငယ်မြင့်တက်လာပါတယ်။ ယခင်နှစ် မိုးစပါးပေါ်ချိန်၊စပါးဈေးနှုန်းမှာ မနောသုခ၊ မျိုးပွား၊ ဆင်းသုခ စပါး၊ ပေါင် ၅၀တင်း ၁၀ဝ ကို ငါးသိန်းအထက်ဈေးနှုန်းရှိ၍ ယခုနှစ် မနော သုခ၊ မျိုးပွား၊ ဆင်း သုခစပါး ပေါင် ၅၀ တင်း ၁၀ဝ အစိုဓာတ် ၁၅ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်း စပါးသစ်ဈေးမှာလေးသိန်းဝန်းကျင်ခန့်နဲ့ ဆန်တစ်အိတ် လျှင် ကျပ် ၁၆၀ဝဝ ဈေးနှုန်းနဲ့အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းဈေးကွက်မှသိရှိရပါတယ်။ဈေးကွက်သို့စပါးသစ်များစတင်ဝင်ရောက်လျက်ရှိသော်လည်း လှိုင်လှိုင်မပေါ်သေးဘဲယခင်နှစ်မိုးစပါး လက်ကျန်ဈေးကွက်မှာ ဧရာဝတီ ပေါ်ဆန်းစပါး ၁၀၅ ပေါင်၊ တင်း ၁၀ဝလျှင် ကျပ် ၉၅၀ဝဝဝ၊ ဆန်တစ်အိတ် လျှင် ကျပ် ၃၄၀ဝဝ- ၃၅၀ဝဝ၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင်၊ တင်း ၁၀ဝ လျှင် ကျပ်ရှစ်သိန်းဈေး၊
ဆန်တစ်အိတ်လျှင် ကျပ် ၃၁၀ဝဝ-၃၂၀ဝဝ ဈေး နှင့် မိုးစပါးအဟောင်း မနောသုခ၊ မျိုးပွား၊ ဆင်းသုခ စပါးဈေးမှာ ပေါင် ၅၀၊ တင်း ၁၀ဝ လျှင် ငါးသိန်းခွဲဈေးနှင့် ဆန်တစ်အိတ်လျှင် ကျပ် ၂၁၀ဝဝ-၂၂၀ဝဝ၊ အများစားသုံးနိုင်သောနွေသီးထပ်ရင်စပါး ဈေးတန်း အနည်း ငယ်နိမ့်သောစပါးဈေးမှာပေါင်၅၀၊တင်း၁၀ဝလျှင်ကျပ်၄၅၀ဝဝဝ၄၇၀ဝဝဝဈေးနှင့်ဆန်တစ်အိတ်ဈေးကျပ်၁၉၀ဝဝ၂၀ဝဝဝဈေးရှိခဲ့ပါတယ်။စက်တင်ဘာနဲ့အောက်တိုဘာလများတွင်ဆန်စပါးဈေးနှုန်း
မပြောင်းလဲဘဲအရောင်းအဝယ်အေးလျက်ရှိပြီးဆန်ဟောင်းဈေးကွက်မှာဇန်နဝါရီလအထိအရောင်းအဝယ်ဖြစ်ပြီးဈေးကွက်အခြေအနေပေါ်မူတည်၍ဈေးနှုန်းအတက်အကျဖြစ်နိုင်ကြောင်း၊ ယခုမိုးစပါးအသစ်ပေါ်ချိန်ဒေသတွင်းဈေးကွက်များဖြစ်သော ရန်ကုန်နှင့် ပြည်၊ ဟင်္သာတ၊ မန္တလေး အညာဒေသများမှ ဝယ်လိုအားအနည်းငယ်မြင့်တက်လာကြောင်း ဆန် စပါးအသိုင်းအဝိုင်းမှ သိရပါတယ်။                     မင်းမင်းဦး (ပုသိမ်)
      
 

Agency Ministry of Foreign Affairs
Category General