မုံရွာကုန်စည်ဒိုင်နိုဝင်ဘာလဆန်းပဲဈေးကွက်ကုလားပဲ ဈေးဆက်လက်မာ

မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလဆန်းပဲမျိုးစုံဈေးကွက်   မှာ ကုလားပဲဈေးကွက်အနေနဲ့  ဒေသတွင်းပဲခွဲစက်၊ အမှုန့် ကြိတ်စက် လုပ်ငန်းသမားအဝယ်အပြင် ကြာဆန်နဲ့ မျိုးအဝယ် အနည်းငယ်ရှိခဲ့လို့  ဆက်လက်ဈေးမာနေရာ   V2 တစ်တင်း၄၅၅၀ဝကျပ်မှ ကျပ် ၄၆၀ဝဝ ၊ ထိုင်ဝမ်တစ်တင်း ကျပ်၄၃၅၀ဝ မှ ကျပ် ၄၄၀ဝဝ နဲ့ ၉၂၉ တစ်တင်း  ကျပ် ၄၃၅၀ဝ ဝန်းကျင်နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ အောက်တိုဘာလကုန်ပတ်အတွင်းမုန်တိုင်းမိုးမကြာခဏရွာနေလို့ဒေသတချို့မိုးကြီးရာစိုက်ပျိုးပြီးစကုလားပဲခင်းအနည်းငယ်အပင်ပေါက်တွေထိခိုက်ပျက်စီးမှုဖြစ်နိုင်တယ်လို့တောင်သူတချို့ကဆိုပါတယ်။ငုံနီဈေးကွက်မှာရောင်းသူရောဝယ်သူပါရှားပြီးဒေသတွင်းကုန်သည်လှောင်လက်အဝယ်အနည်း
ငယ်ရှိလို့ တစ် တင်း ကျပ် ၃၁၃၀ဝ ကနေ ကျပ် ၃၁၈၀ဝ အကြားအရောင်း အဝယ်အနည်းငယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်လည်းအကြီးရောအသေးပါငြိမ်ခဲ့ရာစိမ်းကြီးကတစ်တင်းကျပ်၂၆၀ဝဝမှကျပ်၂၆၅၀ဝနဲ့စိမ်းသေးကကျပ်၂၆၅၀ဝနဲ့တစ်ရက်နှစ်မျိုးပေါင်းအိတ်၃၀ဝခန့်အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ကုန်သည်ရပ်ကွက်မှသိရပါတယ်။ယခုတစ်ပတ်မတ်ပဲဈေးကွက်မှာလည်း ပဲသစ် က တစ်တင်းကျပ်  ၄၀ဝဝဝ မှ၄၁၀ဝဝ နဲ့ ပဲဟောင်းက တစ်တင်း ကျပ် ၄၃၀ဝဝ မှ ကျပ် ၄၅၀ဝဝ ကြားပေါက်ဈေး အသီးသီး ငြိမ်နေပြီး တစ်ရက်အိတ် ၂၀ဝ မှ ၃၀ဝ ခန့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ကျန်အခြားပဲမျိုးစုံဈေးကွက်မှာတော့   ပုဂံပဲ၊ မြေ ထောက်ပဲနဲ့ လုပ်ငန်းသုံးပဲ ဖြစ်တဲ့ ပဲကြီးတို့သာ တစ်တင်းနှစ်သောင်းအထက်ပေါက်ဈေးဖြစ်ပေါ်နေပြီးကျန်ပဲလက်လီဈေးကွက်မှာတော့ ထောပတ်ပဲတစ်တင်း ကျပ် ၁၄၀ဝဝ မှ ကျပ်၁၅၀ဝဝ ၊ စွန်တာနီတစ်တင်း ကျပ် ၁၅၅၀ဝ၊ ပဲနီလုံးကြား တစ်တင်းကျပ် ၁၇၅၀ဝ၊ ပဲပုပ်စေ့ တစ်တင်း ကျပ် ၁၇၈၀ဝ၊ မလွမ်းပိုတစ်တင်းကျပ် ၁၉၀ဝဝ အသီးသီးပေါက်ဈေးဖြစ် ပေါ်ခဲ့ကာ  အမြင့်ပဲအဖြစ် ပဲကြီးတစ်တင်း ကျပ် ၂၆၀ဝဝ မှကျပ် ၂၄၅၀ဝ၊ ပုဂံပဲ တစ်တင်းကျပ် ၂၄၀ဝဝ နဲ့ မြေထောက်ပဲ တစ်တင်းကျပ် ၂၄၀ဝဝ အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး လက်လီအရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ မုံရွာကုန် စည် ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။                     

         ထွန်းလှိုင်-မုံရွာ

Agency Ministry of Foreign Affairs
Category General