အဝယ်လိုက်နေသဖြင့် ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့် တက်လျက်ရှိ

 ယခုတစ်ပတ်အတွင်းပြည်တွင်း ငွေလဲနှုန်းများသည် ဆက်လက်မြင့်တက်လျက် ရှိနေကြောင်း ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဈေးကွက်အတွင်း အဝယ်လိုက်နေသဖြင့် ဈေးများ ဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်ကလည်း ယခင်ကကဲ့သို့ ထိန်းချုပ်ထားနိုင်ခြင်း အား နည်းနေသဖြင့် ဈေးကွက်အတွင်း  လိုအပ်သလောက်ဝယ်ယူ၍မရနိုင်ခြင်းကြောင့် လည်း ဈေးတက်နေရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်တွင်းငွေလဲနှုန်းများ မြင့် တက်နေသဖြင့် သွင်းကုန်ပစ္စည်းများ အထူးသဖြင့် ဆေးနှင့်ဆေးပစ္စည်းများ၊ စက် သုံးဆီများ ဈေးမြင့်တက်လာသဖြင့် စားသုံးသူပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ခံစားနေကြရကြောင်း ကုန်သည်တစ်ဦးက သုံးသပ်ပြခဲ့သည်။]]ငွေလဲနှုန်းတွေ တက်လာတာ ပြည်သူတွေ ဒုက္ခရောက်တာပဲ။ အစစ အရာ ရာ ဈေးတွေတက်လာတယ်။ စက်သုံးဆီဈေးတက်လာတယ်။ ဆေးဝါးတွေ ဈေး တက်လာတယ်။ အဓိကက စက်သုံးဆီပဲ။ စက်သုံးဆီဈေးတက်လာတော့ ကုန်ဈေး နှုန်းက နောက်ကလိုက်တက်လာတယ်။ နောက်ဆုံးဒုက္ခရောက်ရတာ စားသုံးသူတွေ ပဲ။ ဒါကြောင့် ငွေလဲနှုန်းကိုတတ်နိုင်သမျှထိန်းထားပေးရင် အကောင်းဆုံးပါပဲ}}ဟုအမည်မဖော်လိုသူ ကုန်သည်တစ်ဦးက သုံးသပ်ခဲ့သည်။ပြည်တွင်းငွေလဲနှုန်းများသည် အောက်တိုဘာ ၂၄ ရက်က ရောင်းဈေး ၁၂၉၀ ကျပ်၊ ဝယ်ဈေး ၁၂၈၆ ကျပ်ရှိခဲ့ရာမှ အောက်တိုဘာ ၂၇ ရက်တွင် ရောင်းဈေး၁၂၉၅ ကျပ်၊ ဝယ်ဈေး ၁၂၉၁ ကျပ်သို့ မြင့်တက်လာခဲ့သည်။ အောက်တိုဘာ ၂၈ ရက်တွင် အနည်းငယ်ပြန်လည်ကျဆင်းလာခဲ့ပြီး ရောင်းဈေး ၁၂၉၂ ကျပ်၊ ဝယ် ဈေး ၁၂၈၈ ကျပ်ရှိခဲ့သည်။                                       မယ်သီတာ
 

Agency Ministry of Foreign Affairs
Category General