စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ကုန်အမယ်စုံ တန်၅၀ကျော်တင်ပို့

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေး စခန်းမှ တစ်ဖက်နိုင်ငံသို့ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ် အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ဝ၁၉ သန်း တန်ဖိုးရှိ ပြည်ပပို့ကုန် အမယ်စုံ တန် ၅၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ဝဝ၂သန်း တန်ဖိုးရှိ မန်ကျည်းစေ့ တန်၃၀၊ အမေရိကန်ဒေါ်လာ သုည ဒသမ ဝဝ၄သန်း တန်ဖိုးရှိ ဆီးယိုထုတ် ၁၂တန်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၁၃ သန်း တန်ဖိုးရှိ ပိတ်စ ၁၃ တန်တို့ ဖြစ်တယ်။ယခင်တစ်ပတ်က တန်၈၀ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၃၀ကျော် လျော့နည်းတင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ယင်းသို့ လျော့ နည်းရခြင်းမှာ ယခုတစ်ပတ်မှာ ရေချိုငါးနဲ့ ငါးခေါင်းပွများ တင်ပို့နိုင်ခြင်း မရှိ တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
   ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General