မြိတ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာကုန်သွယ်မှု လျာထားချက်ကျော်လွန်

မြိတ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလအတွင်းလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာသုံး သန်းရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ သန်း ဖြစ်ပြီး ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၈၆ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၀၂ သန်းအထိ ရရှိ အောင် ဆောင်ရွက်နိုင်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၈၈ သန်းဆောင်ရွက်ခဲ့ပါတယ်။ လျာထားချက်အပေါ် ဆောင်ရွက်နိုင်မှုမှာ ၁၁၃ ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် မြိတ် ကုန်သွယ်ရေးစခန်းအနေဖြင့် လျာထားချက်ထက်ကျော်လွန်အောင် ဆောင် ရွက်နိုင်ခဲ့ပါတယ်။ မြိတ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလကုန်သွယ်မှုကို ယမန်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ပါကလည်း ပို့ကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၉ သန်းပိုမိုတဲ့ အတွက် ကုန်သွယ်မှုပမာဏအမေရိကန် ဒေါ်လာ သုည ဒသမ ၉၀ဝ သန်းပိုမိုဆောင်ရွက်ခဲ့သလို အနီးစပ်ဆုံးကာလဖြစ်တဲ့ ဩဂုတ်လထက် ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၃ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၉ သန်းပိုမိုခဲ့ကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၅၂သန်းပိုမိုဆောင်ရွက်ခဲ့ပါတယ်။ကာလတူထက်ပိုမိုရခြင်းမှာ စက်တင်ဘာလအတွင်း ရေထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ငါးမျိုးစုံ၊ ကင်းမွန်နဲ့ကဏန်းများ၊ သစ်တောထွက် ပစ္စည်းဖြစ်တဲ့ သစ်မာခွဲသားများ ပိုမိုတင်ပို့နိုင်ခြင်းကြောင့်ဖြစ်ပြီး၊ သွင်းကုန် ပိုင်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ လုပ်ငန်းသုံးကုန်ကြမ်းနဲ့ လူသုံး ကုန်ပစ္စည်းများ ပိုမိုတင်သွင်းနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ မြိတ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလအတွင်း အများဆုံးတင်ပို့ ခဲ့တဲ့ ကုန်ပစ္စည်းများကတော့ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ ငါးမှုန့်၊ ကင်းမွန်၊ အေးခဲကဏန်း ပျော့၊ သဲကဏန်း၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးအသားလွှာ၊ ကဏန်းသေးအသေတို့ဖြစ်ပြီး အများဆုံးတင်သွင်းခဲ့တဲ့ ကုန်ပစ္စည်းများ ကတော့ ဒီဇယ်ဆီ၊ ဘိလပ် မြေ၊ ဟင်းချက်ဆီ၊ ဓာတ်ဆီ၊ ဓာတ်မြေဩဇာ၊ စက်အပိုပစ္စည်း၊ အင်ဂျင်ဝိုင်တို့ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General