ကယားပြည်နယ် ခရီးသွားလုပ်ငန်း စီမံကိန်းကြီးကြပ်မှု့ကော်မတီ အစည်းအဝေးကျင်းပ

အမျိုးသားပို့ကုန်မဟာဗျူဟာရှိ၊  ကယား ပြည်နယ်ခရီးသွားလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမေ် မြာက် အစည်းအဝေးကို  အောက်တို ဘာလ ၆ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   ရုံးအမှတ် (၃)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ ရာ အစည်းအဝေးသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း တို့မှ ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC)  နယ်သာ လန် နိုင်ငံအဖွဲ့အစည်း--CBI တို့မှ ကျွမ်းကျင် ပညာရှင်များ တက်ရောက် ခဲ့ကြပါသည်။    အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊    မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ    ညွှန်ကြားရေးမှူး
ချုပ် ဦးအောင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး  ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်အေးဟန် ကလည်းကောင်း၊  နယ်သာလန်နိုင်ငံအဖွဲ့အစည်း-CBI မှCountry Manager,  Ms. Jeanette Scherpenzeel က  လည်း ကောင်း၊    နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန (ITC) မှ    Project Manager,
Ms. Marie-Claude Frauenrath လည်းကောင်း  အမှာစကား အသီးသီး ပြောကြားကြပါသည်။ အစည်းအဝေးတွင် စီမံကိန်း လုပ်ငန်းနှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ပြီးစီးထားမှု အခြေအနေ များနှင့် ရှေ ့ဆက်ဆောင်ရွက်မည့် အစီ အစဉ်များကိ ုလည်းကောင်း၊ မြန်မာနိုင်ငံ တွင် CBIအဖွဲ့ အစည်းမှ ခရီးသွားလုပ် ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု များနှင့်   ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တင်ပြ ဆွေးနွေးခဲ ့ကြပြီး   တက်ရောက်လာသူများ၏တင်ပြမှုများအပေါ်    အပြန် အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက Netherlands Trust Fund IV  အစီအစဉ်အရ-CBI  နှင့်     ITC မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် မည့်စီမံကိန်းလုပ်ငန်းရွေးချယ်ရန် အစီအစဉ်များနှင့်   ခရီးသွားလုပ်ငန်း တိုး တက်ရေးဆိုင်ရာ အချက်အလက်များ ကိုအသေးစိတ်ထပ်မံဆွေးနွေးခဲ့ကြပြီးမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချူပ်မှ နိဂုံးချုပ်   အမှာ စကား ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။ ကယားပြည်နယ် ခရီးသွား လုပ် ငန်း စီမံကိန်းကို Netherlands Trust Fund IV  အစီအစဉ်ဖြင့် ၂၀၁၄ခုနှစ် စက်တင်ဘာလမှ စတင်ပြီး သုံးနှစ် စီမံ ကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းသည် ကယား ပြည်နယ်တွင်  လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဦးတည်၍  ဒေသထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ နှင့် အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းများ မြှင့်တင်ခြင်း၊ ခရီးသွား လုပ်ငန်းအသင်းအဖွဲ့များစွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ခရီးသွားလုပ်ငန်းဆိုင်ရာစီးပွားရေးချိတ်ဆက်မှုများတိုးချဲ့ဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်း လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ပေးရန် ရည်ရွယ်ပါ
သည်။
NES Units

Agency Ministry of Foreign Affairs
Category General