ပြည်တွင်းငွေလဲနှုန်းအတိုင်း ပြည်တွင်းရွှေဈေးကွက် လိုက်ပါစီးမြောနေ
                                                    
                ယခင်တစ်ပတ်က ပြည်တွင်းငွေလဲနှုန်း ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ရာ တစ်ပတ်အတွင်း ကျပ်သုံးသောင်းကျော် ကျဆင်းခဲ့သည်။ ယခုတစ်ပတ်အစပိုင်းတွင် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းခဲ့မှု ကြောင့်ပြည်တွင်းရွှေဈေးသည် ရက်သတ္တတစ်ပတ်အစပိုင်းတွင် ကျပ် ၈၄၈၅၀ဝ သို့ကျဆင်းခဲ့သော်လည်း ရက်သတ္တတစ်ပတ်ကုန်ဆုံးသည့်ရက်တွင်မူ ကျပ်၈၅၈၀ဝဝ သို့ ပြန်လည်မြင့်တက်လာခဲ့သည်။အခုရက်ပိုင်းမှာပြည်တွင်းရွှေဈေးကပြန်မြင့်တက်လာတယ်။ဟိုအရင်တုန်းကဆိုရင်ပြည်တွင်းရွှေဈေး ကျလာရင် ငွေလဲနှုန်းက မြင့်လာတယ်။ ပြည် တွင်းရွှေ ဈေး မြင့်တက်လာရင် ငွေလဲနှုန်းကကျလာတယ်။ ပြည်တွင်းရွှေဈေးနဲ့ ငွေလဲနှုန်း က ပြောင်းပြန်အချိုးကျနေတာ။ ဒါပေမယ့် အခု ဒီနှစ်ထဲမှာရွှေဈေးနဲ့ ငွေလဲနှုန်းက တိုက်ရိုက်အချိုးကျနေတဲ့အတွက် ဈေးကွက်ထဲမှာ ဘာကိုမှ မှန်းဆလို့မရဘူးဖြစ် နေတယ်။ အခုလည်းငွေလဲနှုန်းမြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေးက ပြန် ပြီးမြင့်တက်လာတယ်။ ငွေလဲနှုန်းအတိုင်း လိုက်ပြီး စီးမြောတဲ့သဘောဖြစ်နေပြီ---ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။ ပြည်တွင်းရွှေဈေးကွက်တွင် အောက်တိုဘာ ၁၀ ရက်က ကျပ် ၈၅၇၀ဝဝ ရှိ ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်တွင် ကျပ် ၈၄၈၅၀ဝ သို့ကျဆင်းခဲ့သည်။ သို့သော် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည်မြင့်တက်ခဲ့ကာ ကျပ် ၈၅၈၀ဝဝ သို့ ရောက် ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၁၀ ရက်တွင် ၁၂၆၃ ဒေါ်လာရှိခဲ့ရာ မှ အောက်တိုဘာ ၁၂ ရက်တွင် ၁၂၅၆ ဒေါ်လာ၊ အောက်တိုဘာ ၁၄ ရက်တွင် ၁၂၅၉ ဒေါ်လာသို့ ကျဆင်းခဲ့သည
                        Agency Ministry of Foreign Affairs
                        
                        Category General