သီတင်းကျွတ်ပွဲတော်ကြောင့် ပြည်ကြက်သွန်နီ ဈေးတက်
                                                    
                
	သီတင်းကျွတ်ပွဲတော်ကာလဖြစ်တာကြောင့် ယခုတစ်ပတ်မှာ ကြက်သွန်နီ သီးနှံအနေနဲ့ အရောင်းအဝယ်သွက်လာကာ ဈေးမြင့်လျက်ရှိနေပါတယ်။ အခါရက် ဖြစ်တာရယ်  ယိုးဒယား၊ တရုတ်ဘက်အထွက်များတာရယ်ကြောင့် ဈေးမြင့်သွား တယ်လို့သိရပါတယ်။ ပွဲရုံလုပ်ငန်းရှင်များက ကထိန်ရာသီ တန်ဆောင်မုန်းလပြည့် နေ့အထိ ဆက်လက် အရောင်းအဝယ်ကောင်းပြီး ဈေးနှုန်းလည်း ကောင်းလာမယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။ယခုတစ်ပတ်အတွင်း ပြည်ပွဲရုံများ၌ ကြက်သွန်နီပိဿာချိန်ပေါင်း ခုနစ် သောင်းခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။  ဝင်ရောက်မှုအနေနဲ့ လည်း မှာယူတင်သွင်းမှုများနေကြောင်း၊ တစ်ရက်လျှင် အိတ် ၂၀ဝ ဆံ့ကားစီးရေ သုံးစီးခန့် ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ဈေးနှုန်းအားဖြင့် ပွဲရုံလက်ကားဈေး တစ်ပိဿာကို (ကြီး) ကျပ် ၇၅၀၊ (လတ်) ကျပ် ၆၅၀ ၊ (သေး) ကျပ် ၅၅၀ တို့ရှိပြီး၊ လက်လီဈေးအသေးများတွင် (ရှယ်သန့်) ကျပ် ၈၅၀၊ (ကြီး) ကျပ် ၈၀ဝ၊ (လတ်) ကျပ်၇၅၀၊ (သေး) ကျပ် ၆၀ဝ တို့ နှင့် ရောင်းဝယ်လျက်ရှိနေကြောင်း သိရပါတယ်။
	ဝင်းလဲ့ဝါ(ပြည်)
	 
                        Agency Ministry of Foreign Affairs
                        
                        Category General