အောက်တိုဘာဒုတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံဈေးပြန်လျော့ခဲ့ပြီး ပဲတီစိမ်း သီးနှံဈေးငြိမ် အရောင်းအဝယ်ဖြစ်
                                                    
                
	ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်မှာ အောက်တိုဘာလ ဒုတိယ ပတ်မှစ၍ ပဲအချို့ဈေးပြန် လျော့နည်း သွားခဲ့ပြီး   ကုလားပဲသီးနှံတစ်မျိုးသာ ယခင်တစ်ပတ်ထက်ဈေးအနည်းငယ် ပိုလာပါတယ်။  လဆန်းရက်က ဈေး အတိုင်း ကျန်ပဲများ ဈေးငြိမ်အရောင်း အဝယ် ဖြစ်လျက်ရှိတာကို တွေ့ရပါ တယ်။ မတ်ပဲသီးနှံနဲ့ ပဲစင်းငုံသီးနှံမှာ လဆန်းရက်ကထက်  ဈေးလျော့နည်း လာလို့ မတ်ပဲတစ်တင်း ကျပ် ၄၅၅၀ဝ၊ ပဲစင်းငုံတစ်တင်း ပ်၃၃၅၀ဝတို့နဲ့ရောင်းချခဲ့ရာမတ်ပဲသီးနှံအားရန်ကုန်ဝယ်လက်အဝယ်ရှိလို့   နေ့စဉ်အိတ် ၂၀ဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ပဲစင်းငုံသီးနှံကတော့ ရက်ခြားသာ အိတ်၁၀ဝနှင့်၂၀ဝကြား   အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။  မတ်ပဲသီးနှံမှာ    ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှလည်း အိတ်အနည်းငယ် ဝင်ရောက်ခဲ့သလို လက်ကျန် ပဲများလည်းရှိကာ ဝယ်လိုအားရှိသ လောက်ရောင်းချနိုင်ခဲ့ပါတယ်။အောက်တိုဘာလဆန်း   ပဲဈေးနှုန်းအနေဖြင့် ပြည်ပဝယ်လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်းသီးနှံများ ဈေးပြန်  မြင့် တက်လာခဲ့ပေမယ့် ယခုလလယ်မှာ တော့ မတ်ပဲသီးနှံဈေးပြန် လျော့နည်း သွားပြီး ပဲစင်းငုံသီးနှံလည်းဈေးလျော့ နေခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံကတော့ ယခင်တစ်ပတ်ကဈေးအတိုင်း ဈေးငြိမ် လျက်ရှိတာကြောင့်    တစ်တင်း ကျပ် ၂၄၅၀ဝ ဖြင့် မန္တလေးလိုင်းသမားများ ဝယ်ယူ ခဲ့ကြပါတယ်။ပဲဝင်ရောက်မှု သိပ်မများသော်လည်းပန်းတောင်း၊ပေါင်းတလည်၊ပေါက်ခေါင်းမြို့နယ်များမှနေ့စဉ်ဝင်ရောက်နေခဲ့တာကြောင်ဝယ်လိုအားရှိသလောက်  အရောင်းအဝယ်ဖြစ်ခဲ့တာကိုလည်းတွေ့ရပါ တယ်။ကုလားပဲသီးနှံမှာ    ဒေသတွင်း အရောင်းအဝယ် ဖြစ်မှုများခဲ့ပြီး ပဲခွဲ စက်သမားများက နေ့စဉ်ဝယ်ယူခဲ့ကြပါ တယ်။  ပဲဝင်ရောက်မှု သိပ်မရှိတော့ပေမယ့်လက်ကျန်ပဲများရှိတာကြောင့် ဝယ်လိုအားရှိသလောက် ရောင်းချနိုင်ခဲ့ ကြကာ ယင်းပဲမှာ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်တဲ့ပဲဖြစ် ခဲ့ပါတယ်။ အခြားပဲဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ဈေးလျော့ပေမယ့်  ကုလားပဲသီးနှံဈေး ကတော့ လဆန်းရက်က   ဖြစ်ပေါ်ခဲ့တဲ့ ဈေးထက်   ဈေးပိုရလာတာကိုတွေ့ ရပါတယ်။   ပဲတစ်တင်းလျှင် ကျပ် ၄၃၅၀ဝ မှ ကျပ် ၄၄၀ဝဝ အထိရရှိခဲ့လို့စက်တင်ဘာလအတွင်းက ဈေးထက် လည်းဈေးပိုနေသလို   ယခင်နှစ်က အောက်တိုဘာ ဈေးထက်လည်း ဈေးပို ရလျက် ရှိခဲ့တဲ့အတွက် ကုလားပဲ သီးနှံ ဟာ ပြည်တွင်းဝယ်လက်ပဲထဲမှာ  ဈေးကောင်းရနေတဲ့ ပဲသီးနှံဖြစ်ခဲ့ပါတယ်။ပဲကြီးသီးနှံမှာ နေ့စဉ်ပဲဝင်ရောက် မှုမရှိတော့ပေမယ့်  လက်ကျန်ပဲများရှိ ခဲ့လို့ ပဲကြော်ဖိုလုပ်ငန်းသမားများ နေ့စဉ်  ဝယ်ယူမှုအပေါ် အိတ် ၂၅၀ကျော် ၃၀ဝ ရောင်းချမှုရှိခဲ့ပါ တယ်။ ပဲဈေးနှုန်းမှာ လဆန်းရက်က  ဈေးအတိုင်းဈေးဆက်  ငြိမ်နေခဲ့တာကြောင့် (ရွှေကျွန်း)တစ်တင်းကျပ် ၂၇၀ဝဝ၊ (ကမ်းနား) တစ်တင်း ကျပ် ၂၄၀ဝဝသာရရှိခဲ့သလို ယခင်နှစ်ကာလတူက ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းထက်လည်း လျော့နည်းခဲ့ပါတယ်။    ယခင်နှစ်က အောက်တိုဘာလအတွင်း ပဲကြီးသီးနှံ ရဲ့ ဈေးနှုန်းမှာ (ရွှေကျွန်း) တစ်တင်းကျပ် ၃၅၀ဝဝ၊ (ကမ်းနား) တစ်တင်း ကျပ် ၃၂၅၀ဝ ရရှိခဲ့ကြတာကို တွေ့ရပါ တယ်။ထောပတ်ပဲသီးနှံနဲ့   ပဲပုပ်သီးနှံ ဈေးများမှာလည်း လဆန်းရက်က ဈေး အတိုင်းဈေးငြိမ်နေခဲ့ရာ  
	ထောပတ်ပဲ တစ်တင်းကျပ် ၁၃၅၀ဝ ၊ ပဲပုပ် တစ်တင်း ကျပ်၂၂၀ဝဝဖြင့်လက်လီသာ အရောင်း အဝယ်ဖြစ်ခဲ့ကြတဲ့အတွက်    အိတ် အနည်းငယ်သာ ရောင်းဝယ်မှုရှိခဲ့တယ် လို့သိရပါတယ်။     
	
	            ခင်ဆွေဝင်း
                        Agency Ministry of Foreign Affairs
                        
                        Category General