မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပင်မစီမံချက်အပြီးသတ်အစီရင်ခံစာတင်ပြခြင်းနှင့် အသိပညာမျှဝေခြင်းအစီအစဉ် စတင်ခြင်း ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့(Myanmar Trade Promotion   Organization - MYANTRADE)ဖွဲ့စည်းတည်ထောင်  ရေးအတွက်  ကိုရီးယား အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ  ( Korea International Coo- peration Agency - KOICA)     ၏ အထောက်အပံ့၊ ကိုရီးယားနိုင်ငံ  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီ    ( Korea Trade-Investment Promotion Agency - KOTRA)  ၏နည်းပညာအကူအညီဖြင့် ၁၈ လကြာ ရေရှည်စီမံကိန်း  (Masterplan)ချမှတ် ဆောင်ရွက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် စီမံကိန်းကာလပြီးစီးခဲ့ပြီဖြစ်ပါသည်။ ၄င်းစီမံကိန်း
ဆောင်ရွက်ပြီးစီး မှုနှင့်စပ်လျဉ်း၍  မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏       ပင်မစီမံချက် အပြီးသတ် အစီရင်ခံစာတင်ပြခြင်းနှင့် အသိပညာမျှဝေခြင်း အစီအစဉ်စတင် ခြင်း   ညှိနှိုင်းဆွေးနွေးပွဲ    (MYAN- TRADE Masterplan Final Reporting Session and   Korea  Knowledge  Sharing  Programme – KSP  Kick-off  Seminar)  ကို  အောက်တိုဘာ ၁၃ရက် တွင်  Park Royal  Hotel, Padauk Building နေပြည်တော်၌  ကျင်းပခဲ့ရာ  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာသံအမတ်ကြီး၊ KOICA မှ ဌာနေကိုယ်စားလှယ်နှင့်KOTRAမှ အမှုဆောင်  ဒုတိယဥက္ကဋ္ဌ  တို့တက် ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ပြည်ထောင်စုသမ္မတ  မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် သွားရောက် ခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ  ချစ် ကြည်ရေးခရီးစဉ်အတွင်း  ကိုရီးယာသမ္မတ နိုင်ငံအစိုးရ၏ အကူအညီဖြင့် အခြားနိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့များနည်းတူ  မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့  (Myanmar Trade Promotion Organization –
MYAN- TRADE) ကိုတည်ထောင်ရန် နှစ်နိုင်ငံ အကြီးအကဲများ  ဆွေးနွေး၍ အကူ အညီပေးရန် သဘောတူညီမှုရရှိခဲ့ရာ ယခုအခါ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ကို  ၂၀၁၆ ခုနှစ်၊  ဧပြီလမှ စတင်၍    ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။စီမံကိန်းအရ   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဝန်ထမ်းများအတွက်   စွမ်းရည်မြှင့်သင်တန်းများကို  ကိုရီးယားသမ္မတနိုင်ငံရှိ   KOTRA  ရုံးချုပ်တွင် လေ့လာသင်ကြားခွင့်ရရှိခြင်း၊ ကိုရီးယားသမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူး တွဲ၍  လုပ်ငန်းများဆောင်ရွက်ရခြင်း
တို့ကြောင့်  အတွေ့အကြုံကောင်းများ ရရှိခြင်း၊  မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့၏ အနာဂတ်ကာလအတွက် ရေရှည်စီမံကိန်းMasterplan  ကို ရေး ဆွဲပေးထားသဖြင့်   ကုန်သွယ်မှုမြှင့်တင်ရန်  လိုအပ်သည့် ကဏ္ဍများအား ကာလအပိုင်းအခြားအလိုက်   ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် အကြုံပြုချက် များနှင့် နည်းလမ်းများရရှိ သောကြောင့်  လုပ်ငန်းများဆက်လက်  အကောင် အထည်ဖော်ဆောင်ရွက်ရန်   များစွာ အထောက်အကူပြုခြင်း စသော အကျိုး ကျေးဇူးများရရှိခဲ့ပါသည်။ယခုဆွေးနွေးပွဲသို့ မြန်မာဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနခုနစ်ခုတို့မှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ၊  အသင်းအဖွဲ့သုံးခုမှ  ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ကိုရီးယားဘက်မ KOICA, KOTRA , KIEP, CIES, STEMI , International  Trade  Organization  အဖွဲ့အစည်းများ ဖြစ်သော JICA,  GIZ, Taiwan Trade Center(Yangon)တို့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ဆက်လက်၍  KSP Kick-off  Seminar  ကို ဆက်လက်ကျင်းပခဲ့ရာ  KOTRA မှ   မဟာဗျူဟာနည်းပညာ စီမံခန့်ခွဲမှု  သုတေသနအဖွဲ့အစည်း ( Strategy  Technology  Management  Institute  - STEMI ) တို့မှ တာဝန်ရှိသူ တို့သည် KSP   အရ ပူးပေါင်းဆောင် ရွက်မည့်  လုပ်ငန်းများအကြောင်းကိုအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး  အနာဂတ်တွင် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများကို ညှိနှိုင်းခဲ့ပါသည်။သန်းသန်းနု(STP-MYANTRADE)
 

Agency Ministry of Foreign Affairs
Category General