စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့အခြေစိုက် အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ် ကြီး ံH.E. Mr. Vikram Misriဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၁၁ ရက် တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ သည်။ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှပဲမျိုးစုံအားGtoGစနစ်ဖြင့်ဝယ်ယူရေး၊မြန်မာ့ပို့ကုန်မြှင့်တငရေးအတွက်လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်း
ကဏ္ဍများ အတွက် နည်းပညာအကူအညီများရရှိရေး၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေး၊ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံသူများ လာရောက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့်  ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှပဲမျိုးစုံအပြင် ဆန်ကိုပါ တင်ပို့ရောင်းချနိုင်ရေး၊ အိန္ဒိယနိုင်ငံမှ တင်ပို့သည့် ပစ္စည်းများအပေါ်  အခွန်ကောက်ခံမှုတွင်အခြားအာဆီယံနိုင်ငံများနှင့်တန်းတူအခွင့်အရေးရရှိရေးတို့ အပါအဝင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန် သွယ်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့် လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်အဆိုပါတွေ့ဆုံပွဲသို့  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ  တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။   
  MOC(IR)

Agency Ministry of Foreign Affairs
Category General