ကောက်စောစပါးပေါ်စပြု ပြီဖြစ်၍ ပြည်ဈေးကွက်တွင် ဆန်စပါးဈေးကျဆင်း

ပြည်မြို့ဆန်၊ စပါးဈေးကွက်အတွင်းဈေးတွေ  ဆက် တိုက် ကျလာသော်လည်း ဒေသပြင်ပသို့ တင်ပို့မှုလုံးဝမရှိဘဲ ဒေသတွင်း၌သာ စီးဆင်းနေတာ တွေ့ရပါတယ်။ ကောက်စော စပါး  ပေါ်စပြုနေတာကြောင့် လက်ရှိဆန်စပါးဈေးကွက်ကျ ဆင်းနေတာဖြစ်ပါတယ်။ ယခုတစ်ပတ် တောင်ပျံမွှေး စပါးဈေးတစ်တင်း (၁၀ဝ) ၄၆ ပေါင်ကိုက်ဈေး ၈၁၈၈၀ဝ ကျပ်ဖြင့်  ဈေးငြိမ်နေကာ ဆန် တစ်အိတ်ဈေး ထိပ်စ ၃၅၀ဝဝ ကျပ်ဖြင့်  ၅၀ဝ ကျပ် ဈေးထပ်မံ ကျလာတာတွေ့ရပြီး  ဒေသတွင်းသာ   အရောင်းအဝယ် အနည်းငယ်ဖြစ်ကြောင်း သိရပါတယ်။ ဧည့်မထစပါးဈေးမှာ ၅၁၅၀ဝဝ ကျပ်ရှိပြီး  ယခုတစ်ပတ်မှာ ဈေးထပ်မံကျလာ ကြောင်းလည်း သိရပါတယ်။ မိုးစပါးလက်ကျန်တွေ တင်ပို့မှုမရှိဘဲဈေးကျဆင်းနေတာတွေ့ရပါတယ်။ ဆန်တစ်အိတ်လျှင်(အပျော့)၂၀ဝဝဝကျပ်နှင့်(အမာစ)၁၈၅၀ဝကျပ်ဖြစ်ပါတယ်။ ပြည်ဆန်စပါးဈေး ကွက်တွင် ပြည်မြို့အနေဖြင့်ကောက်စောစပါးမထွက်သေးပေမယ့် ၊အခြားမြို့နယ်များမှာတော့ ကောက်စောစပါးများအား ဈေးဖွင့်ထားကြောင်း သိရပါတယ်။ကောက်စောစပါးဈေး တင်း ၁၀ဝ လျှင် ကျပ် ၃၇၀ဝဝဝ ကျော်နဲ့ ဆန်တစ်အိတ်ဈေးမှာ ၁၅၅၀ဝကျပ်ဖြင့် ဈေးပေါက် ကြောင်း သိရပါတယ်။ ဒေသတွင်း ဆန်၊စပါးဈေးနှုန်းတွေ မြင့် တက်မလာအောင် ပြည်ခရိုင် ဦးစီးမှူးနဲ့ ဆန်စက်ပိုင်ရှင်များ၊ ဆန်လုပ်ငန်းရှင်များနဲ့  ဆန်ကုန်သည်များပူးပေါင်း၍ မိမိ ဒေသတွင်း ဆန်ဖူလုံမှုနှင့် ဈေးမြင့်မားမှု မရှိစေရေးဆောင် ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
နီနီဝင်း
 

Agency Ministry of Foreign Affairs
Category General