တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံးကာလထက်ရောယမန်နှစ်ကာလတူထက်ပါကုန်သွယ်မှုပိုမိုဆောင်ရွက်
                                                    
                
	တာချီလိတ်ကုန်သွယ်ရေးစခန်းသည် စက်တင်ဘာလ အတွင်းပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၅၈ သန်းအထိရရှိ အောင် ဆောင်ရွက်နိုင်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၂၈ သန်းအထိ ဆောင်ရွက် ခဲ့ပါတယ်။ကုန်သွယ်မှုပမာဏသည် အနီးစပ်ဆုံးကာလဖြစ်တဲ့ ဩဂုတ်လထက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂၂ သန်း ပိုမိုပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၁၄ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။တာချီလိတ်ကုန်သွယ်ရေးစခန်းရဲ့ ပို့ကုန်ပိုင်းအနေဖြင့် ကာလတူနဲ့ရော အနီးစပ်ဆုံးကာလထက်ပါ ပိုမိုဆောင်ရွက် နိုင်ခဲ့ခြင်းမှာ စက်တင်ဘာလအတွင်း အမယ်သစ်ပို့ကုန်ပစ္စည်း များဖြစ်တဲ့ ကြယ်ပဲနဲ့ ဆန်းကစ်သီးတို့ ပိုမိုတင်ပို့နိုင်ခဲ့သလို မိုင်းယုဒေသထွက် ရော်ဘာစေး၊ နာနတ်သီး၊ တစ်သျှူး ငှက်ပျောတို့အား တရားဝင်ပို့ကုန်လိုင်စင်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်လများက တင်ပို့နိုင်ခြင်းမရှိခဲ့တဲ့ ထောပတ်သီးကို ပြန်လည်တင်ပို့နိုင်ခဲ့ သလို ယခုလအတွင်း တဖက်နိုင်ငံမှ ကြက်သွန်နီဝယ်လို အားများသဖြင့်ပိုမိုတင်ပို့နိုင်ခဲ့တဲ့အတွက် ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။သွင်းကုန်ပိုင်းတွင်လည်း စက်တင်ဘာလအတွင်း မော်တော်ယာဉ်နဲ့ မော်တော်ယာဉ်ပစ္စည်းများတင်သွင်းခဲ့ ခြင်း၊ မော်တော်ဆိုင်ကယ်များအား ရုံးချုပ်လိုင်စင်အပြင်ITC ကတ်ခွင့်ပြုလိုင်စင်ဖြင့် ပိုမိုတင်သွင်းနိုင်ခဲ့ခြင်းနဲ့ စက်သုံးဆီ တင်သွင်းခဲ့ခြင်းတို့ကြောင့် အနီးစပ်ဆုံးကာလနှင့်ရော ယမန် နှစ်ကာလတူထက်ပါ ပိုမိုရခြင်းဖြစ်ပါတယ်။
	တာချီလိတ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလ အတွင်း အများဆုံးတင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းများမှာ ရော်ဘာ စေး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ တစ်သျှူးငှက်ပျော၊နှမ်းဖြူ၊လက်ဖက်ခြောက်၊ ထောပတ်သီး၊ နာနတ်သီး၊ ဆန်းကစ်သီး၊ သစ်ခေါက်၊ ကြယ်ပဲတို့ဖြစ်ပြီး အများဆုံး တင်သွင်းခဲ့တဲ့ သွင်း ကုန်ပစ္စည်းများကတော့ ဒီဇယ်၊ ဓာတ်ဆီ၊ ဘိလပ်မြေ၊ ဆိုင် ကယ်၊ ကြွေပြား၊ ဓာတ်မြေဩဇာတို့ဖြစ်တယ်လို့ သတင်း ရရှိ ပါတယ်။
	ခင်မိုးသူ
                        Agency Ministry of Foreign Affairs
                        
                        Category General