ကော့သောင်းကုန်သွယ်ရေးစခန်းတွင် ဌာနဆိုင်ရာအသီးသီးနဲ့ကုန်သည်များပူးပေါင်းဆောင်ရွက်မှုကြောင့် စက်တင်ဘာလအတွင်းကုန်သွယ်မှုပိုမို
                                                    
                
	
	ကော့သောင်းကုန်သွယ်ရေးစခန်းမှစက်တင်ဘာလအတွင်းကုန်သွယ်ဆောင်ရွက်နိုင်မှုမှာပို့ကုန်အမေရိကန် ဒေါ်လာ ၃ ဒသမ ၄၄၃ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၉၁ သန်းဖြစ်၍ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၆ ဒသမ ၉၃၄ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဩဂုတ် ထက်ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇၈ သန်း၊ သွင်းကုန် အမေ ရိကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်း နဲ့ ကုန်သွယ်မှု ပမာဏအမေရိကန် ဒေါ်လာ ၂ ဒသမ ဝဝ၉ သန်းပိုမိုဆောင် ရွက်နိုင်ခဲ့ပါတယ်။အနီးစပ်ဆုံးကာလထက် ပို့ကုန် ပိုမိုရခြင်းမှာ ငါးမဖမ်းရ ရာသီကာလ ကုန်ဆုံးပြီဖြစ်၍ ပင်လယ်ပြင် ထွက်ခွာ တဲ့ ငါးဖမ်းလှေများ ယခင်လထက် ပိုမိုထွက်ခွာနိုင်သဖြင့် ကော့သောင်း ကုန်သွယ်ရေးစခန်းရဲ့ အဓိကပို့ကုန် ပစ္စည်းဖြစ် တဲ့ ရေထွက်ပစ္စည်းများ ပိုမို တင်ပို့နိုင်ခဲ့လို့ဖြစ်ပါတယ်။ သွင်းကုန် ပိုမိုရခြင်းမှာလည်းအဓိကသွင်းကုန်ပစ္စည်းများဖြစ်တဲ့ဘိလပ်မြေနဲ့ဓာတ် မြေဩဇာများပိုမိုတင်သွင်းလာခဲ့ခြင်း ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
	ကော့သောင်း ကုန်သွယ်ရေး စခန်းတွင် အဓိကပို့ကုန် ပစ္စည်းဖြစ်တဲ့ ရေထွက်ပစ္စည်းများ မှန်မှန်ကန်ကန် တင်ပို့ရေး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနဲ့ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊ သွင်းကုန်ပစ္စည်းများမှန်မှန်ကန်ကန်တင်သွင်းရေးအတွက် အကောက်ခွန် ဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ လစဉ်ကုန်သွယ်မှု မြှင့် တင်ရေး အစည်း အဝေးများတွင် ကုန် သည်လုပ်ငန်းရှင်များအားကုန်သွယ်မှုတိုးတက်ရေးပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခြင်း၊ ကုန်သည်လုပ်ငန်းရှင်များ၏အခက်အခဲများအားအထက်ဌာနများသို့တင်ပြ၍ ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ ကြောင့် ကုန်သွယ်မှု တိုးတက်လျက်ရှိတယ်လို့ သိရပါတယ်။  ကော့သောင်း ကုန်သွယ်ရေး စခန်းရဲ့ စက်တင်ဘာလအတွင်း အများ ဆုံးတင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းများက တော့ ငါးမျိုးစုံ၊ အခြားရေထွက်ပစ္စည်း များ၊ ကင်းမွန်၊ ပုစွန်၊ ကဏန်း၊ ရေဘဝဲ၊ ဆီအုန်းကြိတ်ဖတ်နဲ့ ပင်လယ်ငါးရှဉ့်တို့ ဖြစ်ပြီးအများဆုံးတင်သွင်းခဲ့တဲ့သွင်းကုန်ပစ္စည်း များ ကတော့ ဘိလပ်မြေ၊ လုပ်ငန်းသုံးအခြားပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်းများ၊ ရေနံထွက်ပစ္စည်း များ၊ ဓာတ်မြေဩဇာများ၊ လူသုံး ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်း များဖြစ်တယ်လို့ သတင်းရရှိပါတယ်။
	ခင်မိုးသူ
                        Agency Ministry of Foreign Affairs
                        
                        Category General