မူဆယ်မြို့ တွင် (၁၆) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ကျင်းပမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့၁၉၉၇ခုနှစ်ကရေးထိုးခဲ့သောမြန်မာတရုတ်နယ်စပ်ဒေသများစီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ်အရ (၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်ရေးကုန်စည်ပြပွဲ  (မူဆယ်) နှင့် (၁၂) ကြိမ်မြောက် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေးအား  ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဈေး အထူးစီးပွားရေးဇုန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဦးဆောင်၍  New Star Light Con-struction Co.,Ltd -တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်မည်ဖြစ် ပါသည်။ အဆိုပါ ကုန်စည်ပြပွဲကို ၂၀ဝ၁ခုနှစ်မှစ၍ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့နှင့် ကျယ် ဂေါင်မြို့များတွင် အလှည့်ကျကျင်းပခဲ့ရာ ကျယ်ဂေါင်မြို့ တွင် (၁၅) ကြိမ်မြောက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါသည်။ ယခုနှစ်  ကုန်စည်ပြပွဲကာလအတွင်း မြန်မာ- တရုတ် နှစ်နိုင်ငံအစည်းအဝေး၊ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးဌာနများ တွေ့ဆုံဆွေးနွေးခြင်း၊ ကုန်သွယ်မှု စာချုပ်ချုပ်ဆိုခြင်း၊  မြန်မာ- တရုတ်ကုန်သွယ်မှု အစည်း အဝေး ပြုလုပ်ခြင်း၊ မြန်မာ-တရုတ် အနုပညာ ဖလှယ်ခြင်းအစီအစဉ်များ၊ နှစ် (၆၀) ပြည့် မြန်မာ-တရုတ် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး အထိမ်းအမှတ် အခမ်းအနားများ ပျော်ပွဲရွှင်ပွဲများပါဝင်ပါသည်။  အဆိုပါပြပွဲတွင် ၃မီတာ ပတ်လည်ရှိ  ပြခန်းပေါင်း ၂၀ဝကျော်ဖြင့် ခင်းကျင်း ပြသမည်ဖြစ်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လုပ်ငန်းရှင်များအတွက် ပြခန်း ၁၅၀ ကျော် ခန့်၊ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအတွက် ပြခန်း ၅၀ ခန့်ပြသရန် စီစဉ်လျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ပြသမည့် ပြခန်း ၅၀ခန့်အား အသင်းအဖွဲ့၊ ကုမ္ပဏီများအတွက် ပြသ ပေးရန် စီစဉ်ထားပါသည်။လုပ်ငန်းရှင်များအနေဖြင့်   ပြခန်းပြသလိုပါက မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုး ရေးဌာနခွဲ ဖုန်းအမှတ်  ဝ၆၇-၄၃၀၄၄၆၊ ဝ၆၇- ၄၃၀၄၄၇ Faxဝ၆၇-၄၃၀၁၂၈ သို့ လည်းကောင်း၊ Myanmar Trade Center (Yangon) ဖုန်းအမှတ် ဝ၁-၂၅၄၀၂၄ Faxါ် ဝ၁-၂၅၄၀၂၃၊ Email:tradecenter.myanmar @gmail.com,[email protected] သို့လည်းကောင်း၊UMFCCI  အသင်းချုပ်ကုန်စည်ပြပွဲဌာန ဖုန်းအမှတ် ဝ၁-၂၁၄၃၄၄ မှ ၂၁၄၃၄၇သို့လည်းကောင်း၊  New Star Light Con-struction Co.,Ltd. ဖုန်းအမှတ် ဝ၈၂-၅၂၇၅၄/ ၅၂၇၀၉/ ဝ၉- ၂၀၂၇၄၀၂ သို့ လည်းကောင်း ဆက်သွယ်စုံစမ်း မေး မြန်းနိုင်ကြောင်း သတင်းရရှိပါသည်။
   ဝင်းသန်းကျော် ((Myantrade)

Agency Ministry of Foreign Affairs
Category General