နနွင်းတန်ချိန် ၉၀ နီးပါးတင်ပို့

ပင်လယ်ရေကြောင်း  ကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၂၅  ရက်မှ အောက်တို ဘာ ၁ရက် သီတင်းပတ်အတွင်း  နနွင်း ၈၆ တန် တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံသို့ ၅၆ တန်နဲ့ မလေးရှားသို့ တန် ၃၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်  နနွင်းတင်ပို့မှုမှာ ၁၈၆ တန်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ၁၀ဝ တင်ပို့မှု လျော့ခဲ့ပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၆၅၂၃၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဩဂုတ်လအတွင်း နနွင်းတင်ပို့မှုမှာ တန်ချိန် ၁၀၉၀ ကျော်ရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန်  ၃၆၀ ကျော်သာ တင်ပို့နိုင်ခဲ့တာ ကြောင့် စက်တင်ဘာလမှာ တန်ချိန် ၇၃၀ ကျော် တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါ တယ်။                                                                                       သီတာဝင်း(DOT)

Agency Ministry of Foreign Affairs
Category General