တာချီလိတ်မှ လက်ဖက်ခြောက် ပိုမိုတင်ပို့
                                                    
                
	မြန်မာ-ထိုင်း နယ်စပ်ရှိ   တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၄၇၁၃၈ တန်ဖိုးရှိ  လက်ဖက်ခြောက် တန် ၁၂၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၅တန်သာ တင်ပို့ ခဲ့လို့ ယခုတစ်ပတ် တာချီလိတ်မှ လက်ဖက်ခြောက် ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ တာချီလိတ်မှ တစ်ဆင့်  ထိုင်းနိုင်ငံသို့ စက်တင်ဘာလမှာ လက်ဖက်ခြောက် တန် ၁၇၀ ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။"ဂျာမနီကို လက်ဖက်ခြောက်ရောင်းဖို့  စီစဉ်နေတာ တစ်နှစ်လောက်ရှိပြီ။ သူတို့က လက်နဲ့လုပ်တဲ့ လက်ဖက်ခြောက် မဟုတ်ဘဲ စက်နဲ့လုပ်တဲ့ အရည်အသွေး ပြည့် လက် ဖက်ခြောက်ကိုလိုချင်တာ။ ကိုယ့်ဘက်က သူတို့လိုချင်တဲ့ စံနှုန်းရအောင် ပြင်ဆင်နေပါတယ်"လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊  ပန်းမန်နှင့်  ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ သိရှိရပါတယ်။
	    မော်မော်အောင်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General