ဆန်ချောရော ဆန်ကြမ်းပါ ဈေးကျ


ယခုတစ်ပတ် ရန်ကုန်မြို့ရဲ့ ဆန် ဈေးကွက်မှာ ဝါး တန်းကုန်စည်ဒိုင်ရဲ့ အောက်တိုဘာ ၆ရက် ဈေးနှုန်းအရ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၅၅၀ဝ၊ လတ်စတစ်အိတ် ကျပ် ၃၃၀ဝဝ၊ ပုသိမ်/မြောင်းမြ ပေါ် ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ် ၃၆၀ဝဝ၊ လတ်စ တစ် အိတ်  ကျပ် ၃၃၀ဝဝ၊ နယ်စုံ ကျိုက်လတ် ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၂၀ဝဝ၊ လတ်စတစ်အိတ် ကျပ် ၂၉၀ဝဝ ဆန်ချောဈေး တစ်အိတ်ကို ကျပ် ၅၀ဝမှ ၁၀ဝဝ အထိ ဈေးကျလာကြောင်း သိရှိရပါတယ်။ ရွှေဘို ပေါ်ဆန်းဆန်ကတော့ တစ်အိတ်ကို ကျပ် ၄၃၀ဝဝ မှ
ကျပ် ၄၅၅၀ဝနဲ့ ဈေးငြိမ်နေပါတယ်။ ဝါးတန်းကုန်စည် ဒိုင်သို့ ဆန်အဝင် ပုံမှန်ရှိပြီး အရောင်းအဝယ် အေးနေ ကြောင်းသိရပါတယ်။ဧည့်မထဆန် ထိပ်စတစ်အိတ် ကျပ် ၁၉၀ဝဝမှ
လတ်စတစ်အိတ် ကျပ် ၁၈၅၀ဝနဲ့ ဈေးငြိမ်နေပြီး နွေသီး ထပ် ရှယ်တစ်အိတ် ကျပ် ၁၇၀ဝဝ မှ ကျပ် ၁၇၅၀ဝ၊ မနောသုခ တစ်အိတ် ကျပ် ၂၅၅၀ဝ မှ ကျပ် ၂၆၀ဝဝနဲ့ တစ်အိတ်ကို ကျပ် ၅၀ဝ မှ ကျပ် ၁၀ဝဝ အထိ ဈေးကျ လာပါတယ်။ နွေဆန် ရက်၉၀ တစ်အိတ်လျှင် ကျပ် ၁၉၅၀ဝမှ ကျပ် ၂၁၀ဝဝ၊ အိတ်စ်ပို့ ဧည့်မထ ၂၅မှတ် ဆန်တစ်အိတ် ကျပ် ၁၅၃၀ဝမှ ကျပ် ၁၅၅၀ဝ နဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။မူဆယ်ကုန်စည်ဒိုင်ရဲ့ ယခုတစ်ပတ် ဆန်ကြမ်း ဈေးနှုန်းမှာ တစ်အိတ်ကို ၃ယွမ်မှ ၉ယွမ်အထိ ဈေးကျ ကြောင်းသိရှိရပါတယ်။ ဧည့်မထ ၅မှတ် မှော်ဘီ တစ် အိတ် ၁၃၃ယွမ်မှ ၁၃၅ယွမ်၊ ဧည့်မထ ၅မှတ် စူပါတစ် အိတ် ၁၃၃ယွမ် မှ ၁၃၅ယွမ်၊ ဧည့်မထ ၁၀မှတ် မှော်ဘီနဲ့ စူပါတစ်အိတ်  ယွမ် ၁၃၀မှ ၁၃၁ယွမ်၊ ဧည့်မထ ၂၅မှတ်မှော်ဘီတစ်အိတ် ယွမ် ၁၂၀မှ ၁၂၂ယွမ်၊ ငစိန် ၅မှတ် တစ်အိတ် ၁၃၃ယွမ်မှ ၁၃၅ယွမ်၊ ငစိန် ၁၅ မှတ် တစ် အိတ် ယွမ် ၁၃၀မှ ၁၃၂ယွမ်၊ ငစိန်၂၅မှတ် တစ်အိတ် ၁၂၅ယွမ်မှ ၁၂၇ယွမ် ရှိပါတယ်။ တရုတ်ဖက်မှာ အဖမ်း အဆီးများရှိနေတာကြောင့် ဆန်အထွက်နည်းပြီး ဝယ် လိုအား လျော့ကျ နေတဲ့အတွက် မူဆယ်မှာ ဆန်တွေ ပုံပြီး ဈေးကျတာလို့ သိရပါတယ်။ပြည်တွင်းနယ်စုံမှ မူဆယ်သို့ ဆန် အဝင်မှာ စက် တင်ဘာ ၂၉ရက်မှ အောက်တိုဘာ ၅ရက် အထိ ၅၂၅၇ တန် ဝင်ကြောင်း သိရှိရပါတယ်။ အောက်တိုဘာ ၇ရက် ငွေလဲနှုန်းအရ ၁ယွမ်ကို ၁၈၉ကျပ် ဈေးပေါက်ကြောင်း
သိရှိရပါတယ်။                                   ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General