ပုသိမ်ဆန်စပါးဈေးကွက် ဈေးနှုန်းမပြောင်းဘဲ အကျဈေးနှင့်ပင် ဈေးငြိမ်လျက်ရှိ
                                                    
                
	
	ပုသိမ်ဆန်စပါးဈေးကွက်မှာ စက်တင်ဘာလအတွင်းက ရှိနေသော စပါး၊ ဆန်ဈေးနှုန်းမှာ အကျဈေးနှုန်းနှင့်ပင် ယခု အောက်တိုဘာလဆန်းမှာလည်း    ဈေးနှုန်းတည်ငြိမ်၍ အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ လက်ရှိအချိန်မှာလှောင်စပါးများရှိသောစက်ပိုင်၊ကုန်သည်အချို့မှာလည်းအရောင်းအဝယ်အေးလျက်ရှိသည့်အတွက် စပါးဟောင်းများကို ရောင်းချရန် လိုက်လံချိတ်ဆက်သော်လည်း ဝယ်ယူ မည့်သူမရှိဖြစ်နေကြောင်း၊ ပုသိမ်ဈေးကွက်မှ အဓိကတင်ပို့ နေသော ရန်ကုန်မြို့နှင့်အညာဒေသများဖြစ်သည့် မန္တလေး၊ပြည်မြို့တို့နှင့်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှလည်း ဝယ်လိုအား လျော့နည်းလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ  မြို့နယ်အားလုံးမှာပင် ဆန်စပါးဈေးကွက်အရောင်းအဝယ် အေးလျက်ရှိပြီး ဒေသတွင်း စားသုံးရန် လက်လီဆိုင်များမှဝယ်ယူမှုသာရှိပြီး မကြာမီ ပေါ်လာမည့် စပါးသစ်ဈေးကွက်တွင် အရောင်းအဝယ်သွက်မှုရှိ၊ မရှိကိုစောင့်ကြည့်ရမှာဖြစ်ကြောင်း ဆန်ကုန်သည်တချို့က ပြော ကြားပါတယ်။
	မင်းမင်းဦး
                        Agency Ministry of Foreign Affairs
                        
                        Category General