ဗဟိုဘဏ်မှ ခေါ်ယူတွေ့ဆုံပြီးနောက် ငွေလဲနှုန်းများ ပြန်လည်ကျဆင်းလာ
                                                    
                ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ပြန်လည်ကျဆင်းခဲ့ကြောင်း ငွေလဲဈေးကွက်အတွင်းမှသိရသည်။ ပြည်တွင်းရှိ နိုင်ငံခြားငွေကိုင်ဆောင်ရောင်း ဝယ်နေသည့် ပုဂ္ဂလိကဘဏ်များနှင့် ပုဂ္ဂလိကငွေလဲစင် တာများမှ တာဝန်ရှိသူများအား ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများက ခေါ်ယူ ေ တွ့ဆုံပြီးနောက် ငွေလဲနှုန်းများပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်မှုမရှိစေရေးနှင့် ငွေလဲ နှုန်းများမြင့် တက်အောင် ဈေးကစားသူများကို ထိရောက်စွာအရေးယူမည်ဟု ခေါ်ယူသတိပေးခဲ့သည်ဟုဆိုသည်။ "ဒီတစ်ပတ်မှာ ငွေဈေးက အမြင့်ဆုံး ၁၂၈၂ ကျပ်အထေိ ရာက်သွားတယ်။ အဲဒီလိုဖြစ်နေချိန်မှာ ဗဟိုဘဏ်က ဝင်ထိန်းတော့မှ ဈေးပြန်ကျသွားတယ်။ ဒါပေမယ့် ဒီလိုမဖြစ်သင့်တော့ဘူးလေ။ ဈေးကစားချင်တိုင်း ကစား လိုက်၊ ဈေးမြင့်တက်လာရင် ထိန်းလိုက် ဆိုတော့ ဗဟိုဘဏ်နဲ့ငွေလဲစင်တာတွေ လိုက်တမ်းပြေးတမ်းကစား နေသလိုဖြစ်နေတယ်။ ဈေးကစားနေတဲ့အုပ်စုက သိပ်မရှိတာကို ထိန်းလို့မရတာကတော့ တော်တော်လေးကိုဆိုးပါတယ်။ အဲဒီလိုဈေးကစားတာကို ထိန်းနိုင်ဖို့အတွက် အစီအမံတွေလုပ်ဖို့လိုနေပြီလို့ထင်ပါတယ်" ဟု ငွေလဲစင်တာမှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ပြည်တွင်းငွေလဲစင်တာများတွင် အောက်တိုဘာ ၃ရက်က ရောင်းဈေး ၁၂၇၈ ကျပ်၊ ဝယ်ဈေး ၁၂၇၄ ကျပ်ရှိခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် ရောင်းဈေး ၁၂၈၁ ကျပ်၊ ဝယ်ဈေး ၁၂၇၆ ကျပ်၊ အောက်တိုဘာ ၅ ရက် တွင် ေ ရာင်းဈေး ၁၂၈၂ ကျပ်၊ ဝယ်ဈေး ၁၂၇၉ ကျပ်ရှိခဲ့ရာမှ အောက်တိုဘာ ၇ ရက် ဈေးပိတ်ချိန်တွင် ရောင်းဈေး ၁၂၆၉ ကျပ်၊ ဝယ်ဈေး ၁၂၆၅ ကျပ်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။
                        Agency Ministry of Foreign Affairs
                        
                        Category General