ပြည်တွင်းငွေလဲနှုန်းကျဆင်းလာသဖြင့် ပြည်တွင်း ရွှေဈေး ကျပ်သုံးသောင်းကျော် ပြန်လည်ကျဆင်းလာ
                                                    
                ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးများလည်းပြန်လည်ကျဆင်းလာခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ရက်သတ္တ ပတ်အတွင်းက အမြင့်ဆုံးဈေးအဖြစ် ကျပ် ၈၉၂၀ဝ၀ အထိ ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယခုတစ်ပတ်တွင် ကျပ်သုံးသောင်းကျော် ပြန်လည်ကျဆင်း လာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။ ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနှင့်အတူ ပြည်တွင်းငွေလဲနှုန်းများပါ ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေး များလိုက်ပါ ကျဆင်းလာခဲ့ခြင်းဖြစ်သည်ဟု ရွှေဈေး ကွက် ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ "ဒီတစ်ပတ်မှာ ပြည်တွင်းငွေလဲနှုန်းကလည်း ကျလာတယ်။ ကမ္ဘာ့ရွှေဈေး ကလည်း ကျဆင်းလာတယ်။ အဲဒါတွေကြောင့် ပြည်တွင်းရွှေဈေးကဆက်တိုက် ကျလာတယ်။ဒါကဖြစ်လာမယ့်အခြေအနေကို ကြိုပြီးသုံးသပ်ထား တာပါ။ ဒေါ်လာ ဈေး အဆမတန်မြင့်တက်နေတာကို ဗဟိုဘဏ်ကဝင်ထိန်းရင် ဈေးပြန်ကျလာနိုင် တာပဲ။ ဒေါ်လာဈေးကျရင် ရွှေဈေးလည်း လိုက်ပြီးကျလာမယ်။ ကမ္ဘာ့ရွှေဈေးကလည်း ကျနေတာဆိုတော့ အခုတစ်ပတ်မှာ ရွှေဈေးက အများကြီးကျဆင်းသွားရတာပါ"ဟု ရွေွှကုန်သည်ဦးစံမြင့်က ဆိုသည်။ ပြည်တွင်းရွှေဈေး များသည် အောက်တိုဘာ ၃ရက်က ကျပ် ၈၉၅၀ဝ၀ ရှိခဲ့ ပြီး အောက်တိုဘာ ၅ ရက်တွင် ကျပ် ၈၅၀ဝ၀ဝ သို့လည်းကောင်း၊ အောက်တို ဘာ ၆ရက်တွင် ကျပ် ၈၇၁၀ဝ၀ သို့လည်းကောင်း၊ အောက်တိုဘာ ၇ ရက်တွင် ကျပ် ၈၆၂၀ဝ၀ သို့လည်းကောင်း ဆက်တိုက်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၃ ရက်က ၁၃၁၉ ဒေါ်လာရှိခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ၁၂၅၅ ဒေါ်လာသို့ ကျဆင်းခဲ့သည်။
                        Agency Ministry of Foreign Affairs
                        
                        Category General