ဘိလပ်မြေဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်

စက်တင်ဘာလ၂၅ ရက်မှ အောက်တိုဘာ ၁ရက် သီတင်းပတ်မှာ ပြည်တွင်း ကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၉၀ရှိခဲ့တယ်လို့ သိရပါတယ်။ယခင် တစ်ပတ် ဘိလပ်မြေအဝင်မှာတန်ချိန် ၁၀၅၅၀ကျော် ရှိခဲ့တော ကြာင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၀ဝ၀ဝကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နယ် စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၁၇၁၂၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၁၂၉၆၀ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်၄၁၆၀ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်း မှ အဝင်ပိုခဲ့ပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ မေ ကွးဈေးကွက်မှာ ဘိလပ်မြေက တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ လုပ်ကိုင်မှုများလာပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းသာရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေများက ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင် (ထိုင်း) ၆၀ဝ၀ ကျပ်၊ ကြံ့ ၅၀ဝ၀ကျပ်၊ အပါချီ ၅၀ဝ၀ကျပ်၊ မြင်းခေါင်း ၄၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါ တယ်။ တောင်ကြီးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိ တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဆင်ကဈေးငြိမ်နေပြီး စိန်က၁၀ဝကျပ်ဈေးကျကာ အပါချီက ၅၀ဝကျပ်၊ကမ္ဘောဇက၆၀ဝကျပ်၊နဂါးက ၅၀ဝ ကျပ်ဈေးမြင့်ခဲ့တယ် လို့ သိရပါတယ်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန်(ထိုင်း) ၆၉၀ဝ ကျပ်၊ အေသုံးလုံး ၅၂၀ဝ ကျပ်၊ အပါချီ ၄၄၀ဝကျပ်၊ ကမ္ဘောဇ ၄၁၀ဝကျပ်၊နဂါး ၄၇၀ဝကျပ်၊ ဆင်(ထိုင်း) ၆၆၀ဝကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေး ဆိုင်မှ စုံစမ်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိသလို ယခင်တစ်ပတ်က ဈေးအတိုင်း အရောင်းအဝ ယ်ဖြစ်တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်၅၄၀ဝကျပ်၊ စိန်၅၂၀ဝကျပ်၊ ကြံ့နှစ်ကောင် (နီ)၄၈၀ဝကျပ်၊ ကြံ့နှစ်ကောင် (စိ မ်း) ၄၅၀ဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။

Agency Ministry of Foreign Affairs
Category General