ပဲတီစိမ်းနဲ့မတ်ပဲ ဈေးအနည်းငယ်အေးပြီး ဆီထွက်သီးနှံ အများစု ဈေးမာနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ မန်းကုန်စည်ဒိုင်

မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း)မှာ နေ့စဉ်(ဥပုသ်နေ့မှအပ) လယ်ယာထွက်ကုန်သီးနှံများအား အနယ်နယ်အ ရပ်ရပ်မှ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များလာရောက်ပြီး အရောင်း အဝယ်ပြုလုပ် ကြပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှာ ပဲတီစိမ်း တစ် ပိဿာ၁၃၆၉ ကျပ်(တစ်တန် ၈၃၈၃၆၂ ကျပ်) နဲ့အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်ဈေးနှုန်း အောက်တစ်ပိဿာ ၅၃ ကျပ်(တစ်တန် ၃၂၄၅၇ ကျပ်) နဲ့ ဈေးအေး သွားပေမယ့် နေ့စဉ် သုံးတင်းအိတ် ၈၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ပဲလွန်းဖြူ တစ်ပိဿာ ၁၀၈၃ ကျပ်(တစ်တန် ၆၆၃၂၁၈ ကျပ်) နဲ့ ယခင်တစ်ပတ်ဈေးနှုန်း အတိုင်း နေ့စဉ် သုံးတင်းအိတ် ၁၀ဝ ခန့်၊ ပဲကြီးတစ်ပိဿာ ၁၅၃၈ ကျပ်(တစ် တန် ၉၄၁၈၅၆ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင် တစ်ပတ် ဈေးထက် တစ်ပိဿာ ၉၀ ကျပ်(တစ်တန် ၅၅၁၁၅ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၃၀ဝ ကျော်၊ ပဲနီပြား တစ်ပိဿာ ၁၁၇၆ ကျပ်(တစ် တန် ၇၂၀၁၇၀ ကျပ်)နဲ့ ယခင်တစ်ပတ်ကာလတူ ဈေးအောက်တစ်ပိဿာ ကျပ် ၁၀ဝ(တစ်တန် ၆၁၂၃၉ ကျပ်) ဈေးအေးပေမယ့် နေ့စဉ်သုံးတင်းအိတ် ၂၀ဝ ခန့်၊ ပဲပုပ်(ရှမ်း) တစ်ပိဿာ ၉၅၈ ကျပ်(တစ်တန် ၅၈၆၆၇၀ ကျပ်)၊ပဲပုပ်(ဗမာ) တစ် ပိဿာ ၉၃၉ ကျပ်(တစ်တန် ၅၇၅၀၃၄ ကျပ်)နဲ့ ယခင်တစ်ပတ် ကာလတူဈေးနှုန်းအတိုင်းနေ့ စဉ် သုံးတင်းအိတ် ၂၅၀ ကျော်၊ ပဲယင်း (သေး) တစ်ပိဿာ ၆၆၇ ကျပ်(တစ်တန် ၄၀၈၄၆၄ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၁၀ဝ ခန့်၊ ထောပတ် ပဲ (သေး) တစ်ပိဿာ ၇၄၇ ကျပ်(တစ်တန် ၄၅၇၄၅၅ ကျပ်) ဖြင့် နေ့စဉ်သုံးတင်းအိတ် ၁၀ဝ ခန့်၊ ပဲဇီးကွက်တစ်ပိဿာ ၈၇၆ ကျပ်(တစ်တန် ၅၃၆၄၅၄ ကျပ်)နဲ့ အရောင်းအ ဝယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်းအထက် တစ်ပိဿာ ၃၅ ကျပ်(တစ်တန်၂၁၄၃၄ ကျပ်)ဈေးမာနဲ့ နေ့စဉ်သုံးတင်းအိတ် ၁၅၀ခန့်၊ နိုင်လွန်ပဲတစ်ပိဿာ ၁၀၁၃ ကျပ်(တစ်တန် ၆၂၀၃ ၅၁ ကျပ်)နဲ့ ယခင်တစ်ပတ် ကာလတူဈေးအတိုင်းနေ့စဉ်သုံးတင်းအိတ် ၂၀ဝ ခန့်၊ မြေထောက်ပဲတစ်ပိဿာ ၁၄၈၁ ကျပ် (တစ် တန် ၉၀၆၉၅၀ကျပ်)နဲ့ ယခင်တစ်ပတ်ကာလတူဈေးနှုန်း အတိုင်း နေ့စဉ် သုံးတင်းအိတ် ၃၀ဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ ရန်ကုန်ဝယ် လက်နဲ့ အိန္ဒိယဝယ်လက်တို့ ဝယ်ယူနေတဲ့ မတ်ပဲက ယခုတစ်ပတ်မှာ တစ်ပိဿာ ၂၄၁၇ကျပ်(တစ်တန် ၁၄၈၀၁၄၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ် ပတ် ကာလတူဈေးအောက်တစ်ပိဿာ ၈၃ ကျပ်(တစ် တန် ၅၀၈၂၈ ကျပ်) ဈေးအေးပေမယ့် နေ့စဉ်သုံးတင်းအိတ် ၆၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ကုလားပဲဖြူကြီးတစ်ပိဿာ ၂၂၀ဝ ကျပ်(တစ်တန် ၁၃၄၇၈၇၀ ကျပ်)၊ ကုလားပဲထိုင်ဝမ်က တစ်ပိဿာ၂၁၁၆ ကျပ်(တစ်တန် ၁၂၉၅၈၁၇ ကျပ်)နဲ့ ကုလားပဲ နှစ်မျိုးေ ပါင်း နေ့စဉ်သုံးတင်းအိတ် ၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ် ဆီထွက်သီးနှံများဖြစ်တဲ့ နှမ်းရောင်စုံနဲ့ မြေပဲရဲ့ ဈေးနှု န်းများမှာ နှမ်းဖြူတစ်ပိဿာ ၂၂၂၂ ကျပ် (တစ် တန် ၁၃၆၀၇၃၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်းထက် တစ်ပိဿာ ၂၂၂ ကျပ် (တစ်တန် ၁၃၅၉၅၁ ကျပ်) မြင့်တက်ခဲ့ပါတယ်။ နှမ်းညိုတစ်ပိဿာ ၁၆၆၂ ကျပ်(တစ်တန် ၁၀၁၇၇၉၂ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်လို့ ယခင်တစ်ပတ်ကာလ တူဈေးနှုန်းထက် တစ်ပိဿာ ၂၀ဝ ကျပ်(တစ်တန် ၁၂၂၄၇၈ ကျပ်) မြင့်တက်ခဲ့ကာ နှမ်းနက် တစ်ပိဿာ ၂၈၈၉ ကျပ်(တစ်တန် ၁၇၆၉၁၉၄ ကျပ်)နဲ့ အရောင်းအဝ ယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်း အထ က် တစ်ပိဿာ ၃၁၁ ကျပ်(တစ်တန် ၁၉၀၄၅၃ ကျပ်) ဈေးမြင့်တက်ခဲ့ပါတယ်။ နှမ်းနက်(စမုံ)က တစ်ပိဿာ ၃၄၄၄ ကျပ်(တစ်တန် ၂၁၀၉၀၇၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်းထက် တစ်ပိဿာ ၄၄ ကျပ် (တစ်တန် ၂၆၉၄၅ ကျပ်) မြင့် တက်ခဲ့ပြီး ပန်းနှမ်းတစ်ပိဿာ ကျပ် ၁၈၀ဝ(တစ်တန် ၁၁၀၂၃၀၂ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်လို့ ယခင်တစ်ပတ် ဈေးနှုန်းအောက်တစ်ပိဿာ ၈၉ ကျပ် (တစ်တန် ၅၄၅၀၃ ကျပ်) ဈေးကျဆင်းခဲ့ပါတယ်။ အဆိုပါ နှမ်း ငါးမျိုး နေ့စဉ်သုံးတင်းအိတ် ၄၀ဝ ကျော် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆန် ှ၁ လုံးဆန်တစ် ပိဿာ ကျပ် ၁၈၀ဝ (တစ်တန် ၁၁၀၂၃၀ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်ကာလတူဈေးနှုန်းအထက် တစ်ပိဿာ ကျပ် ၁၀ဝ (တစ်တန် ၆၁၂၃၉ ကျပ်) ဈေးမာလျက်နေ့စဉ်သုံးတင်း အိတ် ၆၀ဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဒီတစ်ပတ်မှာ ပြည်ပ(တရုတ်)က ဆွဲတဲ့ ပဲတီစိမ်းဈေး အနည်းငယ်အေးသလို ရန်ကုန်နဲ့ပြည်ပ(အိန္ဒိယ)ကဆွဲတဲ့ မတ်ပဲလည်း ဈေးအနည်းငယ်အေးကြောင်း၊ ဆီထွက်သီးနှံ အများစု ဈေးမာနဲ့အရောင်း အဝယ်ဖြစေ် ပမယ့် ပစ္စည်းလက်ကျန်နည်းနေတာကြောင့် ထင်သလောက်အရောင်းအဝယ်မဖြစ်ကြောင်း၊ ပြောင်းဖူးစေ့များမှာ ဒေသတွင်းလုပ်ငန်းရှင် များကသာ ဝယ်ယူမှု ရှိပြီး ဈေးအေးသလို အရောင်းအဝယ်လည်းအေးကြောင်း ကုန်သည်ကြီး တစ်ဦး က ပြောတယ်။

Agency Ministry of Foreign Affairs
Category General