အောင်ပန်းဈေးကွက်မှာ ချင်းခြောက်ရော ချင်းစိုပါ အဝင်နည်းသလို အရောင်းလည်းအေးနေ
                                                    
                ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) အဝင် နည်းလာပါတယ်။ အရင်နှစ်တွေက ဒီအချိန် သီတင်းကျွတ်ပွဲတော် နားနီးရင် အလှူအတန်း ပြု လုပ်ဖို့ အတွက် တောင်သူတွေက ထုတ်ရောင်းကြတာကြောင့် လှိုင်လှိုင် ဝင်နေကျဖြစ် ပေမယ့် ဒီနှစ်တော့ အတော့်ကို နည်းပါးသွားပါတယ်။ ချင်း(ဥမ)ဈေးကလည်း ကျနေ လို့ ခြံရှင်တွေကလည်း မဖော်ကြတော့ပါဘူး။ ချင်းတက်ပေါ်ချိန်မှသာ ဖော်တော့ မယ်လို့လည်း သိရပါတယ်။ ဈေးပတ်သမားတွေ က အနည်းအကျဉ်း သာ ဝယ်ယူနေ တာကြောင့် အရောင်းအဝယ်လည်း ထင်သလောက် မဖြစ်ဘူးလို့ ဒေသခံချင်းပွဲရုံ တွေက ဆိုပါတယ်။ ရောင်းအားလည်း ကျသွားတယ်လို့ သိရပါတယ်။ ဝယ်ယူနေကျ ဝယ်လက်တွေဖြစ်တဲ့ ရန်ကုန်၊ မုံရွာဝယ်လက်တွေကို ဖောက်သည်ပေးနေရတာပဲ ရှိတယ်လို့ ဈေးကွက်မှသိရပါတယ်။ တစ်ပတ်အ တွင်းမှာ ပိဿာချိန် သုံးသောင်းခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ချင်း(ဥမ) က တစ်ပိဿာ ပေါက်ဈေး ၂၀ဝကျပ် မှ ၂၅၀ကျပ်သာရှိပါတ ယ်။ ချင်းခြောက်ကလည်း ချင်း(စို)လို အဝင်နည်းသလို၊ အထွက်လည်း နည်းပါတယ်။ ဒီနှစ်က ချင်း(စို)၊ ချင်း(ခြောက်) နှစ်မျိုးစလုံး အရောင်းထိုင်းတော ကြာင့် လက်ကျန်တွေလည်း အတော်ကျန် ရှိနေ သေးတယ်လို့ သိရပါတယ်။ ချင်းခြောက်က ဒီတစ်ပတ်မှာလည်း အရောင်းအဝယ်ဖြစ် တာနည်းပြီး တစ်ပတ်အတွင်းမှာ ပိဿာချိန် နှစ်သောင်းခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ချင်းခြောက် တစ်ပိဿာကို ၁၇၀ဝ ကျပ် မှ ၁၈၀ဝ ကျပ်ဈေး ရှိပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General