ပြည်သစ်သီးဝလံဈေးကွက်သို့ ဩဇာသီးများ အဝင်လှိုင်လာ
                                                    
                
	ဧရာဝတီမြစ်အနောက်ဘက် ကမ်းတစ်လျှောက်ရှိကျေးရွာများဖြစ်တဲ့  ဖိုးဦးတောင်၊ သစ်စိမ့်ပင်၊ ပြည်၊ မှော်ဘီ၊ ဇီးအုပ်၊ဝက်ထီးကန်စတဲ့ကျေးရွာများမှ ထွက်ရှိတဲ့ ဩဇာသီးများ ပြည်သစ်သီးဝလံဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် လာတာကြောင့် ဈေးလည်းချိုလာတာ တွေ့ရပါတယ်။ ဩဇာသီးပေါ်ချိန်ဖြစ် လို့ အရောင်း အဝယ်လည်းသွက်လျက် ရှိကာ ရန်ကုန်သို့တင်ပို့နေတာကိုတွေ့ ရပါတယ်။ ပြည်ဩဇာသီးရာခြင်းဈေး တစ်လုံးလျှင် (ချော) ကျပ် ၁၅၀၊ (လတ်) ကျပ် ၁၀ဝ နဲ့ ရောင်းချလျက်ရှိပါတယ်။ ဒေသတွင်းလက်လီဈေးကတော့ တစ် လုံးလျှင်(ချော) ကျပ်၂၀ဝ (အသေး သန့်) ကျပ် ၁၀ဝ နဲ့ရောင်းချနေတာ တွေ့ရပါတယ်။ ရာသီပေါ် ချိန်သီးနှံဖြစ် လို့ ဒေသတွင်းရော၊ နယ်တင်ပို့မှုပါများ ပြီး ရောင်းအားကောင်းနေကြောင်း သိရပါတယ်။ဈေးကွက်သို့ တစ်ရက် လျှင်  အလုံးရေ  ၅၀ဝဝ  ကျော်ဝင်ရောက်လျက်ရှိပြီး၊ လုံးရေ ၄၀ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။                                      
	နီနီဝင်း
                        Agency Ministry of Foreign Affairs
                        
                        Category General