ကားဈေးကွက်တွင် စလစ်ကပ်ကားများ ဈေးပြန်မာလာ
                                                    
                
	စက်တင်ဘာလကုန်ပိုင်း   ရန်ကုန်ကားဈေးကွက်၏ အခြေအနေမှာ အရောင်းအဝယ်မှာ ယခင်ရက်သတ္တပတ်များ ထက် အေးသည်ထက်အေးလာပြီး ဂရိတ်စုံ၊ ကားစုံအပါအဝင်ဈေးကွက်တစ်ခုလုံးအေးနေကြောင်း သိရသည်။ရန်ကုန်ကားဈေးကွက်အတွင်း တစ်ပတ်ထက်တစ်ပတ် အရောင်းအဝယ်အခြေအနေအေးလာပြီး ဈေးတန်းများလည်းမြင့်တက်နေသလို အဝယ်လည်းအေးနေကြောင်း၊  ဧပြီလ ကုန်ပိုင်းမှ  စတင်ခဲ့သည့် ကားပါမစ် ထောက်ခံချက် ပြဿနာ သည် အရင်းအမြစ်ဖြစ်နေကြောင်း ကားပါမစ်ပြန်လည်ခွင့်ပြုလာမည်ဟု ယူဆပြီး ဈေးကွက်ကိုစောင့်ကြည့်နေရာမှ ဈေးတန်းများပြန်မာလာခဲ့ကြောင်း၊ အထူးသဖြင့်  ဖရီးပါမစ် ကားလေးများ ဈေးကွက်အတွင်း ထပ်မံဝင်ရောက်ရန် အကန့်အသတ်များ ဖြစ်နေသဖြင့် နယ်လိုင်စင်ကားများ ဈေးကွက် ထဲသို့ အရောင်အသွေး စုံ၊ ပုံစံစုံဝင်လာပြီး မေ၊ ဇွန်၊ ဇူလိုင်လ များအတွင်း ဈေးကွက်နေရာရရှိကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ထို့အပြင် စလစ်ကားများလည်း ဈေးပြန်မာလာကာ နယ်ဝယ်လက်များဆင်းလာပြီး အသုံးများ ဝက်ဂွန်  ကားလတ် များဖြစ်သည့်   ကလူဂျာ၊ အာလ်ဖတ်၊ စီအာဗွီ၊ အာအေဗီ(4)၊ ဝှစ်ရှ် စသည်တို့  အရောင်းတန်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ ကြောင်း ဝါရင့်ဝယ်ရောင်း ကိုမြင့်ကျော်က သုံးသပ်ခဲ့သည်။ယင်းအခြေအနေမှသည် ဇူလိုင်လ တတိယပတ်နောက်ပိုင်းတွင် တိုက်၊ ကြေ၊ အပ်ကားများ  ဖန်တီးစလစ်ထုတ်ယူမှုကန့်သတ်ရာမှလိုက်ထရပ်နှင့်ပစ်ကပ်ကားများအပ်နှံမှုလျော့ကျပြီးစလစ်ဈေးများမြင့်တက်လာကာကနဦးတက်ဈေးဖြင့်အရောင်းအဝယ်များဖြစ်သော်လည်း နောက်ပိုင်းတွင် ပင်ရင်း အဝယ်သာမက နယ်ဝယ်လက်များလည်းကျဲသွားပြီး တဖြည်း ဖြည်း စလစ်ကပ်ကားများ အရောင်းအဝယ်ကျဲလာကြောင်း
	သုံးသပ်သည်။ယခု  စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလ ဆန်းပိုင်းအခြေအနေမှာ ငွေလဲနှုန်း အတက်မြန်လာခြင်း၊ ကားသွင်းရာအဓိကနိုင်ငံဖြစ်သော ဂျပန်နိုင်ငံမှ ယန်းငွေဈေးလည်း မြင့်တက်လာခြင်း၊  ပြည်တွင်းတွင် ကားဈေးကွက် အတွင်း ကန့် သတ်ချက်များ များပြားလာခြင်း၊ လာမည့်နှစ် မူဝါဒကို ကြိုတင် ခန့်မှန်း သိရှိနေကြ သလို အပ်ကုန်စနစ်ဖြင့်သွင်းသည့်ကားများအားလည်း ၂၀၁၆ နှစ်ကုန်အတွင်း  မူရင်း တင်သွင်းနိုင်ငံ ပြန်လည်တင်ပို့ရမည့် ကန့်သတ်ချက်များ ကြောင့် စလစ်ဈေးတန်း သိန်း ၁၀ဝ ဝန်းကျင်ဖြင့်  မာနေသော်လည်း အရောင်းအဝယ်အေးနေကြောင်း အရောင်းရှိသော် လည်း အဝယ်မရှိဖြစ်နေပြီး သိန်း ၁၀ဝ ဝန်းကျင်နှင့်သိန်း ၁၀ဝ အောက် ယခင်သုံးပြီး ဖရီး ပါမစ်ကားဟောင်းများသာ  လတ်တလောအရောင်းအဝယ်ရှိကြောင်း သိရသည်။
	SN
                        Agency Ministry of Foreign Affairs
                        
                        Category General