မူဆယ်မှသကြားပုံမှန်တင်ပို့ပြီး မြဝတီမှ တင်သွင်းမှုလျော့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်း အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၃၀ တန်ဖိုးရှိ သကြား၂၄၁၃၈ တန်ကျော်တင်ပို့ခဲ့ရာယခင်တစ်ပတ်ကလည်း၂၄၂၀ဝကျော်တင်ပို့ခဲ့တာကြောင့်မူဆယ်မှတစ်ဆင့်တရုတ်နိုင်ငံသို့သကြားပုံမှန်တင်ပို့နေတယ်လို့သိရပါတယ်။ယခုတစ်ပတ်တွင်ပြည်တွင်းသကြားဈေးတစ်တန်ကို
ယခင်တစ် ပတ်ဈေးအတိုင်း ခုနစ်သိန်းရှစ်သောင်းကျော်ခန့်ဝယ်ယူရပြီး တစ်ဖက်နိုင်ငံတွင် ၅၀ ကီလိုတစ်အိတ်လျှင် ၂၂၆-၂၂၇ ယွမ်ဈေးရရှိခဲ့ကြောင်း၊ ဘုရင့်နောင်ကုန်စည် ဒိုင်တွင်သကြား(ရှယ်) တစ်ပိဿာကို ၁၂၀ဝ ကျပ်ဝန်းကျင်ခန့်၊ သကြား(ရိုးရိုး)  တစ်ပိဿာကို ၁၁၀ဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၈၀၅၄၇၅ တန်ဖိုးရှိ သကြား ၁၄၆၄ တန်ခွဲတင်သွင်းခဲ့တယ် လို့ မြဝတီကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ ယခင်တစ်ပတ်က ၇၄၄ တန်ကျော်တင်သွင်းခဲ့ တဲ့အတွက် ထိုင်းနိုင်ငံသကြား တင်သွင်းမှုကတော့ လျော့နည်းခဲ့တယ်လို့ သိရပါတယ်။    
မော်မော်အောင်

Agency Ministry of Foreign Affairs
Category General