ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၈၂ သန်း ကျော်ရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ပို့ကုန်တင်ပို့နိုင်မှုမှာ အမေရိ ကန် ဒေါ်လာ ၁၂၅ ဒသမ ၆၉၇ သန်း၊ သွင်း ကုန်တင်သွင်းနိုင်မှုမှာ အမေရိ ကန် ဒေါ်လာ ၂၀၇ ဒသမ ၉၄၄ သန်းနဲ့ ကုန် သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၃၃၃ ဒသမ ၆၄၁ သန်း ဖြစ်ပါတယ်။ ရက်သတ္တတစ်ပတ်အတွင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ် လာ
၈၂ ဒသမ ၂၄၇ သန်းဖြစ်ပြီး လိုငွေ ပြရခြင်း မှာ သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်
ပါတယ်။ရက်သတ္တပတ်အတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန် အမေ ရိကန်ဒေါ်လာ ၇၄ ဒသမ ၃၆၅ သန်း ဖြစ်ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၁၅၂ ဒသမ ၃၄၀ သန်းဖြစ်၍ ကုန်သွယ် မှုလိုငွေမှာ အမေရိကန် ဒေါ်လာ ၇၇ ဒသမ ၉၇၅ သန်း ဖြစ်ပါတယ်။ ကုန် သွယ်ရေးစခန်းများမှ ပို့ကုန် အမေ ရိကန်ဒေါ်လာ ၅၁ ဒသမ ၃၃၂ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၅၅ ဒသမ ၆၀၄ သန်းဖြစ်ပြီး ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၇၂ သန်း ဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုကဏ္ဍ တစ်ခုလုံးအနေနဲ့ ကုန်သွယ်မှု လိုငွေမှာ ၈၂ ဒသမ ၂၄၇ သန်းဖြစ်ပါတယ်။
ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General