စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါး ပိုမိုတင်ပို့နိုင်သဖြင့် ပို့ကုန်လျာထားချက်ကျော်လွန်

စစ်တွေကုန်သွယ်ရေးစခန်းမှ ဩဂုတ် ကုန်သွယ်မှု လျာထားချက် အနေဖြင့် ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၅သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၃သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ လျာထားချက်မှာ အမေရိကန်ဒေါ်လာ သုညဒသမရှစ်သန်း ဖြစ်တယ်လို့ ကုန် သွယ်ရေးစခန်းမှ သိရပါတယ်။ ဩဂုတ်လအတွင်း စစ်တွေကုန်သွယ်ရေး စခန်းရဲ့ အမှန်
ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၆၀၂သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ သုညဒသမ ဝဝ၂ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၀၄ သန်း ဆောင်ရွက်နိုင်ခဲ့၍ ပို့ကုန် လျာထားချက် ကျော် လွန်ခဲ့ကြောင်း သိရပါတယ်။စစ်တွေကုန်သွယ်ရေး စခန်းအနေဖြင့် ဩဂုတ်လ အတွင်း ယခင်လများထက် ပိုမို တိုးတက်ဆောင်ရွက်နိုင် ခဲ့ပြီး အဓိကအားဖြင့် ရေချိုငါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒါ ကြောင့် ပို့ကုန်လျာထားချက် ကျော်လွန်ခဲ့ပြီး၊ သွင်းကုန်ပိုင်း အနေဖြင့် ပုံမှန်တင်သွင်းနေတဲ့ ဒန်ရေတကောင်း၊ ပလပ် စတစ် ရေတိုင်ကီ၊ ဆံပင်၊ စွပ်ကျယ်များ တင်သွင်းမှု ကျဆင်း နေမှုကြောင့်
သွင်းကုန်ပမာဏ ကျဆင်းနေတာ ဖြစ်ပါတယ်။ ယခု စက်တင်ဘာလ လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၁ဒသမ ၃သန်းဖြစ်၍ လျာထားချက် ကျော်လွန်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရ ပါတယ်။ဩဂုတ်လအတွင်း စစ်တွေကုန်သွယ်ရေး စခန်းမှ အများဆုံး တင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းများကတော့ ရေချို ငါးမြစ်ချင်း၊ ချင်းအစို၊ ဇီးယိုထုပ်၊
မန်ကျည်းစေ့၊ သစ်ခေါက်၊ နနွင်းတက်၊ ဆီးသီးခြောက်၊ ဆီးဖတ်၊ ကြိမ်၊ ငါးနီတူခြောက်တို့ ဖြစ်ပြီး အများဆုံး တင်သွင်းခဲ့တဲ့ သွင်းကုန် ပစ္စည်းများကတော့ ဒီဇယ်ဆီနဲ့ တီရှပ်တို့ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General