ဆန်ကြမ်းဈေးကျပြီး အရောင်းအေးလျက်ရှိ

ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင် ရဲ့ ဆန်ချောဈေးမှာ အတက်အကျ  သိပ်မရှိဘဲ ဈေးငြိမ်နေ ကြောင်း သိရှိရပါတယ်။ ဖျာပုံပေါ်ဆန်း ဆန် ထိပ်စ တစ်အိတ် ကျပ် ၃၅၅၀ဝနဲ့ လတ်စ  တစ်အိတ် ကျပ် ၃၃၀ဝဝ၊  ပုသိမ်၊ မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၆၅၀ဝ  နဲ့ လတ်စတစ်အိတ်ကျပ် ၃၄၀ဝဝ၊ နယ်စုံ ကျိုက်လတ်ပေါ်ဆန်း ဆန် ထိပ်စ တစ်အိတ် ကျပ် ၃၃၀ဝဝနဲ့ လတ်စ တစ်အိတ် ကျပ် ၃၁၀ဝဝ၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၄၃၀ဝဝမှ ကျပ် ၄၅၅၀ဝနဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း သိရှိရ ပါတယ်။ အရောင်း အဝယ်လည်း အေးနေတယ်လို့သိရပါတယ်။ ဧည့်မထဆန်ကတော့ ထိပ်စတစ်အိတ် ကျပ် ၁၉၈၀ဝနဲ့ လတ်စ တစ်အိတ် ကျပ် ၁၉၂၀ဝ၊ နွေသီးထပ် ရှယ် တစ်အိတ် ကျပ် ၁၈၀ဝဝမှ ကျပ် ၁၉၅၀ဝ ဈေးရှိပြီး ဆန် ကြမ်းဈေး တစ်အိတ်ကို ကျပ် ၂၀ဝမှ ကျပ် ၅၀ဝ အထိ ဈေးကျလာပါ တယ်။ နွေဆန်ရက်  ၉၀ ဈေးက   တစ်အိတ်ကို ကျပ် ၂၀ဝဝဝမှ ကျပ် ၂၂၀ဝဝ၊ မနောသုခ   တစ်အိတ်ကို ကျပ် ၂၆၀ဝဝ မှ ကျပ် ၂၇၀ဝဝ ဖြစ်ပြီး၊ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေပါတယ်။ အိတ်စ်ပို့ ဧည့်မထ ၂၅မှတ်ကတော့ တစ် အိတ်ကို ကျပ် ၁၆၀ဝဝ မှ ကျပ် ၁၆၅၀ဝ အထိဖြစ်ပြီး တစ် အိတ်ကို ကျပ် ၇၀ဝ မှ ကျပ် ၁၀ဝဝ ကြား ဈေးကျကြောင်းသိရှိရပါတယ်။ ရန်ကုန်ဆန်ဈေးကွက်မှာ   ပြည်တွင်းအရောင်းအဝယ်သာရှိနေပြီး ပြည်ပတင်ပို့မှုမရှိတဲ့အတွက် ပြည်တွင်း ဈေးကျနေတာဖြစ်ကြောင်း၊  အောက်တိုဘာအတွင်း အသစ် မပေါ်မီ ဆန်ရောင်းထွက်ဖို့ လိုကြောင်း၊ ရှိတာ ရောင်းမထွက် ရင် နောက်အသစ်ပေါ်လာပါကဆန်တွေပုံနေနိုင်ကြောင်း ရန်ကုန်ဆန်ဈေးကွက်မှ သတင်းရရှိပါတယ်။မူဆယ်ဆန်ဈေးကွက်မှာ  ဆန်ဈေးငြိမ်ပြီး အရောင်း အဝယ် မသွက်တဲ့အတွက်  ဆန်လက်ကျန်များနေကြောင်း သိရှိရပါတယ်။ ဧည့်မထ မှော်ဘီ၅မှတ် တစ်အိတ် ၁၃၈ ယွမ်မှ ၁၄၀ယွမ်၊ ဧည့်မထ စူပါတစ်အိတ် ၁၄၀ယွမ်မှ ၁၄၃ ယွမ်၊ ဧည့်မထ မှော်ဘီ၁၀မှတ် တစ်အိတ် ၁၃၃ယွမ်မှ ၁၃၅ယွမ်၊ ဧည့်မထ စူပါတစ်အိတ် ၁၃၈ယွမ်မှ ၁၃၉ယွမ်၊ ၂၅မှတ် မှော်ဘီ တစ်အိတ် ၁၂၅ယွမ်မှ ၁၂၈ယွမ်၊ ငစိန်၅မှတ် တစ်အိတ် ၁၃၉ ယွမ်မှ ၁၄၁ ယွမ်၊ ငစိန် ၁၅မှတ် တစ်အိတ် ၁၃၄ယွမ်မှ ၁၃၇ ယွမ်၊ ငစိန် ၂၅မှတ် တစ်အိတ် ၁၃၀ ယွမ်မှ ၁၃၂ယွမ် ဈေးရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ပြည်တွင်းနယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဩဂုတ် ၁၅ ရက်မှ၂၁ရက်အထိ၄၉၅၆တန်ရှိပြီးအရောင်းအဝယ်မဖြစ် တာကြောင့် ဆန်တွေ ပုံနေတယ်လို့ မူဆယ်ဆန်ဈေးကွက်မှ သိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General