စလစ်ကပ်ကား အရောင်းအဝယ်အေးသော်လည်း ရန်ကုန်လိုင်စင်ကားလေးများ ဈေးအသာဖြင့် အရောင်းအဝယ်ရှိနေ

ယခုလဒုတိယပတ်အတွင်းရန်ကုန်မြို့ကားဈေးကွက်၏အခြေအနေမှာယခင်လများထက်ပင်အရောင်းအဝယ် အေးလာသော် လည်း နံပါတ်ထွက် ပြီး ရန်ကုန်လိုင်စင်ပေါက် ကားဟောင်းများ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။
ကားအရောင်းအဝယ် လုပ်ငန်း အတော်များများနှင့်  စင်တာများ သည် ရန်ကုန်အခြေစိုက်များသဖြင့် ကားဈေးကွက်သည် ရန်ကုန်ဈေးကွက်မှာသာ အခြေခံသည့်သဘောဖြစ်နေပြီး ရန်ကုန်ရှိ ဖရီးပါမစ်ကားဈေးကွက် ယခုကဲ့သို့ ရပ်တန့်သည့်အခြေအနေ ဖြစ်ပေါ်သွားခဲ့သည်။ မေလကုန်ပိုင်းကစလစ်ကပ်ကားများ ဈေးပေါလာပြီးအရောင်းအဝယ် ကောင်း ခဲ့သော်လည်း ယခုကာလ တွင် လိုက်ထရပ်အပ်ကားများနှင့် ပတ်သက်သည့် မူဝါဒတစ်ရပ်  ဇူလိုင်လ ကုန်ခန့်တွင် ထွက်ပေါ်လာပြီးနောက် စလစ်ဈေးများ သိန်း ၁၀ဝ ကျော်ခဲ့ ကြောင်း၊ တစ်ပတ်ခန့်အကြာတွင် ကျပ်သိန်း ၁၀ဝ အောက် ပြန်ရောက်ခဲ့ပြီး ယခုတစ်ဖန် စလစ်ကပ်ကားများထဲမှ အပ်ကုန်စနစ်သွင်းသည့် ကားများ ယခုနှစ် နှစ်ကုန်ပိုင်းတွင် လိုင်စင်မဝင်ဖြစ်ပါက မူရင်းတင်သွင်းခဲ့သည့် နိုင်ငံ သို့ ပြန်ပို့ရမည့် ညွှန်ကြားချက်ရှိလာသဖြင့် ရန်ကုန်ကားဈေးကွက်အတွက် ၂၀ဝ၆ ခုနှစ်နှင့် ၂၀ဝ၆ ခုနှစ်အောက်ကားများ အချိန်မီ စလစ်ဝယ်ယူကြသဖြင့် လိုအပ်ချက်မြင့်မားလာသလိုစလစ်ဈေးလည်း သိန်း ၁၀ဝ အထက် ပြန်လည် ရောက်ရှိကာ နှစ်ကုန်ခါနီးလေ ဈေးတက်လေဖြစ်ဖို့သာရှိကြောင်း လှိုင်ကား ရောင်းဝယ်ရေးစခန်းမှ ယာဉ်ဝယ်ရောင်းအကျိုးဆောင် ကိုမြင့်ကျော်က ပြော သည်။
ယခုကဲ့သို့စလစ်လိုအပ်ချက်မြင့်မားနေသဖြင့်စလစ်ဈေးတန်းမြင့်မားလာသလိုစလစ်ကပ်ကားအဝယ်လည်းနည်းသွားပြီး
 ဈေးကွက်ထဲတွင် ၂၀ဝ၆ ခုနှစ်နှင့် အောက်မော်ဒယ်လ်များ၊ ကားစင်တာများမှတစ်ဆင့် ဝင် ရောက်လာပြီး လတ်တလော ပြည်တွင်းရောက်ရှိပြီး ကားများမှအပ ပြည်ပမှ ထပ်မံတင်သွင်းသည့် ကားများ အကြောင်းအမျိုးမျိုးကြောင့် တင်သွင်းမှုလျော့ နည်းသွားကြောင်း၊ လက်ရှိ အရောင်းအဝယ်ဖြစ်နေသော ကားများမှာလည်း သုံးနေဆဲ၊ တင်သွင်းရောက်ရှိပြီး ကားများသာဖြစ်ပြီး၊ ယခင်ကာလများက အဝယ်ရှိခဲ့သော နယ်လိုင်စင်ဖရီးပါမစ်ကားများလည်း အကြားသတင်းများ ကြောင့် အဝယ်တန့်သွားကာ လက်ရှိသုံးစွဲနေဆဲ အက္ခရာတန်းအနိမ့် ရန်ကုန် လိုင်စင်ကားလေးများ ငါးသိန်း မှ ၁၀ သိန်းဈေး
အမြင့်ဖြင့် အရောင်းအဝယ်ဖြစ် လာကြောင်း၊ စလစ်ဈေးမြင့်တက်မှုကြောင့် အဝယ်နည်းသွားသော်လည်း ဈေးတန်းကျလာနိုင်ဖွယ် မရှိဘဲ နှစ်ကုန်ခါနီးလေ စလစ်ဈေးတန်းမြင့်လေဖြစ် လာနိုင်ကြောင်း ၎င်းတို့မှပြောသည်။

Agency Ministry of Foreign Affairs
Category General