ပြည်ကြက်သွန်နီဈေးကျ၍ အဝယ်လိုက်

ပြည်ကြက်သွန်နီပွဲရုံများ၌ ယခုတစ်ပတ် ပွဲရုံ ဈေး ပိဿာ ၃၀ ဝင်တစ်အိတ်လျှင် ပျမ်းမျှ ၂၅၀ဝ ကျပ်ခန့် ဈေးကျသွားပါတယ်။ ပြည်ဒေသတွင်း လက်လီဈေးများတွင်လည်း  တစ်ပိဿာလျှင် အရွယ်အစားအလိုက် ၁၀ဝ ကျပ်နှုန်း ဈေးကျ ဆင်းသွားကြောင်း  သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ပွဲရုံများတွင် လက်ကား တစ်ပိဿာလျှင် (ကြီး) ၅၅၀ကျပ်၊ (လတ်) ၅၀ဝကျပ်၊ (သေး) ၄၃၀ကျပ်တို့ ဖြစ်ပြီး လက်လီဈေးအားဖြင့် (ရှယ်သန့်) ၇၅၀ ကျပ်၊ (ကြီး) ၇၀ဝ-၆၅၀ကျပ်၊ (လတ်) ၆၀ဝ ကျပ်၊ (သေး) ၅၅၀-၅၀ဝ ကျပ်တို့နဲ့ ရောင်းဝယ်မှု ရှိနေ ပါတယ်။ စိုက်ပျိုးသူ တောင်သူများအနေနဲ့ ဈေး နှုန်းကျဆင်းမှုကြောင့် အမြတ်ရရှိမှု နည်းပါးပေ မယ့်စားသုံးသူများကတော့ ဈေးကျဆင်းမှုအပေါ် စိတ်ကျေနပ်နေကြောင်း သိရပါတယ်။
ဝင်ရောက်မှုအနေနဲ့ မကွေးတိုင်း ဆိပ်ဖြူ၊ ပခုက္ကူ၊ ရေနံချောင်း စသည့်နယ်တို့မှ ပိဿာ ၃၀ ဝင်အိတ် ၆၀ဝ ခန့် ရက်ခြားအဝင်ရှိနေပြီး ယခင် ရက်သတ္တပတ်များကထက်  အရောင်းအဝယ် ကောင်းလာကြောင်း သိရပါတယ်။ ဈေးအနည်း ငယ်ကျလို့ အိတ်ဆွဲသမားများ အဝယ်လိုက်နေပြီး ဒေသတွင်း ပုံမှန်ဝယ်လက်များနှင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့ခြင်း အပါအဝင် တစ် ရက်ကို  အိတ် ၄၂၀ ခန့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။
ပြည်မြို့ အနီးပတ်ဝန်းကျင်ဒေသမှာ  စိုက် ပျိုးတဲ့  မှော်ဇာကြက်သွန်၊ ကုန်းရိုးကြက်သွန် တို့မှာလည်း စိုက်ပျိုးသူ တောင်သူများကိုယ်တိုင် နီးစပ်ရာ စားသုံးသူများထံသို့ တာရှည်အထား ခံသည့် မြိတ်ထုံး ကြက်သွန်နီပုံစံဖြင့် တစ်ပိဿာ လျှင် (ဂျွန်) ၇၀ဝ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရပါတယ်။
ဝင်းလဲ့ဝါ (ပြည်)

Agency Ministry of Foreign Affairs
Category General