မူဆယ်မှ နနွင်းတက်တန် ၁၀ဝ နီးပါးတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၃ ရက်မှ ၉ ရက် သီတင်းပတ်တွင် အမေရိကန်ဒေါ်လာ ၆၉၉၉၇ တန်ဖိုးရှိ နနွင်း တက်(ရှမ်းစ) ၉၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ် မှ ၆၄ တန်၊ မောင်တောမှ ၃၂ တန်ကျော်နဲ့ စစ်တွေမှ ခုနစ်တန်  တင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန် စည်ဒိုင်မှာ နနွင်းတက်တစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးမှာငွေလဲနှုန်းအရ  ၉၂၆၃၈၅-၉၃၈၆၅၅ ကျပ်ရှိတယ်လို့ သိရပါတယ်။ တစ်ဖက်တရုတ်နိုင်ငံမှာ နနွင်းကို ဆေးဝါး ကုန်ကြမ်းအဖြစ် အသုံးပြုကြတာလို့ သိရပါတယ်။                     

Agency Ministry of Foreign Affairs
Category General