ဘားအံမြို့တွင် ထိုင်းကုန်စည်ပြပွဲ ကျင်းပမည်

ရန်ကုန်အခြေစိုကMelikha  Services ကုမ္ပဏီရဲ့ ဦးဆောင်မှုဖြင့် ဘားအံမြို့၊ သီရိကွင်းတွင် စက်တင်ဘာ ၂၀ ရက်မှ ၂၄ရက်အထိ ထိုင်း နိုင်ငံမှ လုပ်ငန်းရှင်များ စုပေါင်း၍ ကုန်စည်ပြပွဲကို နေ့စဉ် နံနက် ၉နာရီမှ ည ၉နာရီ အထိ ငါးရက်ကြာ ပြသမှာဖြစ်ပါတယ်။
ထိုကုန်စည်ပြပွဲတွင်ပြသမည့်ပစ္စည်းများမှာအိမ်ရာဒီဇိုင်းပြခန်းများ၊ကွန်ဒိုမီနီယံအရောင်းပြခန်းများ၊လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းအမျိုးမျိုး၊အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုး၊ မော် တော်ဆိုင်ကယ်အမျိုးမျိုး၊ စက်ဆီချောဆီနဲ့ ယာဉ်အပိုပစ္စည်း အမျိုးမျိုး၊ အဝတ်အထည်နဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊  အလှကုန်နဲ့အသားအရေထိန်းသိမ်းမှုဆိုင်ရာပစ္စည်းများ၊မီးဖိုချောင်သုံးပစ္စည်းများ၊စာရေးကိရိယာများ၊စားသောက်ကုန်များ၊ပလပ်စတစ်နဲ့ဖိုင်ဘာပစ္စည်းအမျိုးမျိုး၊အထွေထွေအိမ်သုံးပစ္စည်းအမျိုးမျိုး၊ ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းအမျိုးမျိုး၊အသေးစားနဲ့အလတ်စားစက် ပစ္စည်းအမျိုးမျိုး၊ အဝတ် အထည်နဲ့ အခြားဒေသ လိုအပ် ချက်ဆိုင်ရာလူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကိုဆိုင်ခန်းပေါင်း၈၀ကျော်ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်းသိရှိရပါတယ်။ကုန်စည်ပြပွဲခင်းကျင်းပြသ စဉ်အတွင်း ဦးချိုကြီး ဦးစီးတဲ့ စူပါစတား ဖျော်ဖြေရေးအဖွဲ့များက ကုန်စည်ပြပွဲ သရုပ်ပြ ရှင်းလင်းပွဲများနဲ့ ဖျော်ဖြေ မှုများကို နေ့စဉ် နံနက် ၁၀းဝ၀ နာရီမှ ၁၂းဝ၀ နာရီထိ တစ်ကြိမ်၊ ညနေ ၄း၃၀ နာရီမှ၆းဝ၀နာရီအထိတစ်ကြိမ်၊စုစုပေါင်းတစ်ရက်လျှင် နှစ်ကြိမ်၊ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။ဘားအံမြို့ ဒေသခံများကလည်း ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင် ခန်းများ၊ အရောင်းပြခန်းများ၊ စားသောက်ဆိုင်ခန်းများဖွင့်လှစ်ပြသမည် ဖြစ်ကြောင်းနှင့်ကလေးများကစားရန်အစီအစဉ်များလည်းပါဝင် ကြောင်းသတင်းရရှိပါတယ်။                                 အေးအေးစိုး (ဘားအံ)
 

Agency Ministry of Foreign Affairs
Category General