ဆန်အဝင်များပြီး ဆန်ဈေးကျ

ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်စပါး ဈေးကွက် မှာ စက်တင်ဘာ ၈ ရက် လက်ကား ဈေးနှုန်းအရ ဆန်ချော ရော ဆန်ကြမ်းဈေးပါ အနည်းငယ် ကျဆင်းကြောင်း သိရပါ တယ်။ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၅၅၀ဝနဲ့ လတ်စတစ်အိတ် ကျပ် ၃၃၀ဝ၀၊ ပုသိမ်^ မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၆၅၀ဝနဲ့ လတ်စတစ် အိတ် ကျပ် ၃၄၀ဝ၀နဲ့ ဈေးငြိမ်နေပါတယ်။ နယ်စုံ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၃၀ဝ၀၊ လတ်စ တစ်အိတ် ကျပ် ၃၁၅၀ဝ ဖြစ်ပြီး ထိပ်စတစ်အိတ်ကို ယခင် တစ်ပတ်ထက် ကျပ် ၅၀ဝ ဈေးကျလာတာ တွေ့ရပါတယ်။ ရွှေဘိုပေါ်ဆန်း ဆန်ကတော့ တစ်အိတ်ကို  ကျပ် ၄၃၀ဝ၀ မှ ၄၅၅၀ဝ ထိရှိပြီး ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှု မရှိပါဘူး။ ဆန်အဝင်များပေမယ့် အရောင်းအဝယ် ခပ်အေး အေးပဲ ရှိနေတယ်လို့ ဝါးတန်းဆန်ဈေးကွက်မှ သိရှိရပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်  ထိပ်စတစ်အိတ် ကျပ် ၂၀၈၀ဝ၊ လတ်စတစ်အိတ် ကျပ် ၂၀၂၀ဝ၊  နွေသီးထပ်ရှယ် တစ်အိတ် ကျပ် ၁၉၅၀ဝမှ ကျပ် ၂၀၃၀ဝ၊  မနောသုခ တစ် အိတ် ကျပ် ၂၆၀ဝ၀ မှ ကျပ် ၂၇၀ဝ၀၊ နွေဆန်  ရက် ၉၀ တစ် အိတ် ကျပ် ၂၀ဝ၀ဝမှ ကျပ် ၂၁၅၀ဝ ဈေးရှိပြီး  ဧည့်မထဆန် ထိပ်စတစ်အိတ်ကို ကျပ် ၇၀ဝ ခန့် ယခင်တစ်ပတ်ထက် ဈေး ကျကြောင်း သိရှိရပါတယ်။
နွေဆန်ရက်၉၀က တစ်အိတ်ကို ကျပ်၅၀ဝခန့် ဈေးကျ ပြီး ဆန်ချောရော ဆန်ကြမ်းပါ ပတ်လည်ဈေးကျကြောင်း သိရ ပါတယ်။ ဆန်က အခြားဈေးကွက်ကို ထွက်ပေါက်မရှိဘဲ ရန်ကုန်ဈေးကွက်ကိုပဲ ဦးတည်နေတဲ့အတွက် ဈေးကျတာ လည်း ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပပို့မယ့်အိတ်စပို့ ဧည့်မထ ၂၅မှတ် ဆန်ကတော့ တစ်အိတ်ကို ကျပ် ၁၇၂၀ဝမှ ကျပ် ၁၇၅၀ဝ အထိ ရှိပြီး ဈေးအတက်အကျ မရှိဘဲ ဈေးငြိမ် နေကြောင်း သိရပါတယ်။
ရန်ကုန်ဆန်ဈေး ကျသလို မူဆယ်ဆန် ဈေးကွက်မှာ လည်း ဈေးကျပါတယ်။ ဧည့်မထ ၅မှတ် မှော်ဘီ တစ်အိတ် ၁၃၈ မှ ၁၄၀ ယွမ်၊ စူပါတစ်အိတ် ၁၄၀မှ ၁၄၃ယွမ်၊ ဧည့်မထ ၁၀မှတ် မှော်ဘီတစ်အိတ် ၁၃၃ မှ ၁၃၅ ယွမ်၊ စူပါတစ်အိတ် ၁၃၈ မှ ၁၃၉ ယွမ်၊ မနောသုခ ၂၅မှတ် တစ်အိတ် ၁၂၅ မှ ၁၂၈ ယွမ်၊ ငစိန် ၅မှတ် တစ်အိတ် ၁၃၉ မှ ၁၄၀ ယွမ်၊ ၂၅မှတ် တစ်အိတ် ၁၃၀ မှ ၁၃၂ ယွမ်၊ ၁၅မှတ် တစ်အိတ် ၁၃၄ မှ ၁၃၇ ယွမ် အသီးသီး ဈေးရှိပြီး တစ်အိတ်ကို ၅ယွမ်မှ ၆ယွမ်အထိ ဈေးကျကြောင်း သိရှိရပါတယ်။ ပြည်တွင်း နယ်စုံမှ မူဆယ် ကုန်စည်ဒိုင်သို့ ဆန်အဝင်မှာ စက်တင်ဘာ ၁ရက်မှ ၇ရက် အထိ တန်ချိန် ၆၈၀၈ ရှိပါတယ်။ အရောင်းအဝယ်က ပုံမှန်ပဲ ရှိပေမယ့် ဆန်သစ်ပေါ်တော့မယ်ဆိုတော့ လှောင်သမားတွေ က လက်ကျန်ဆန်တွေ ပို့တော့ ဆန်အဝင်ကောင်းပြီး ဆန်တွေ ပုံနေတယ်လို့ မူဆယ် ဆန်ဈေးကွက်က သတင်းရရှိပါတယ်။
ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General