နို့ဆီတန်ချိန် ၅၀ဝ နီးပါးနဲ့နို့မှုန့်တန် ၂၀ဝ နီးပါးတင်သွင်း

သြဂုတ် ၂၁ ရက်မှ ၂၇  ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၅၇၃၀၂၈ တန်ဖိုးရှိ နို့ဆီ ၄၈၄ ဒသမ ၉၉၂ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ   တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဒွန်း၊ မာရီဂိုးနဲ့ အခြားတံဆိပ် များဝင်လာတယ်လို့သိရပါတယ်။ယခင် တစ်ပတ်က တင်သွင်းမှုမရှိခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။  ဒီတစ်ပတ်မှာ ကန်ဒေါ်လာ ၉၁၀၇၁၇ တန်ဖိုးရှိ နို့မှုန့် ၁၇၂ ဒသမ ၈၃ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ ဒိန်းမတ်မှ ၁၁ ဒသမ ဝ၅၅ တန်၊   စင်ကာပူမှ သုည ဒသမ ဝ၄၈ တန်၊   ထိုင်းမှ ၁၂ ဒသမ ၃၂၈တန်၊ မလေးရှားမှ ၂၃ဒသမ ၄၀တန်၊ အိုင်ယာလန်မှ တန်ချိန် ၁၁၀ နဲ့ နယူးဇီလန်မှ ၁၆တန်တင်သွင်းခဲ့တယ် လို့သိရပါတယ်။   ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုမှာ တန်ချိန် ၂၆၀ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ်ရင် တန်ချိန် ၉၀ ကျော်တင်သွင်းမှု လျော့ခဲ့တယ်လို့ သိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General