ကားလေးများ ဈေးမြင့်လာပြီး အင်ဂျင်ပါဝါကြီးကားများ အဝယ်နည်းနေ

ရန်ကုန်ကားဈေးကွက်အတွင်း မူဝါဒနှင့်ပတ်သက်သည့် အကြား သတင်းများကြောင့် ဈေးတန်းမြင့်တက်ကာ ကား လေးများ အဝယ်ရှိနေပြီး၊ အင်ဂျင်ပါဝါကြီး ကားများမှာ ဈေး တန်းကြောင့် အဝယ်နည်းသွားကြောင်း သိရသည်။
ကားဈေးကွက်ထဲတွင် မော်ဒယ်ခုနှစ် သတ်မှတ်ချက် များ ယခင်ကထက် သုံးနှစ်ခန့် ခုန်ကျော်သတ်မှတ်မည်ဆို သည့်သတင်းမှာ ပိုမိုကျယ်ပြန့်လာသဖြင့် အင်ဂျင်ပါဝါကြီး ၁၈၀ဝ စီစီအထက်ကားများမှာ အမေးနည်း၊ အဝယ်နည်းလာ ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ မူဝါဒအပြောင်းအလဲကိုစောင့် ကြည့်နေကြခြင်းဖြစ်သလို ယခင်ကနယ်ဝယ်လက်ကြိုက်သည့် ကားများမှာလည်း ယခုအခါ အဝယ်အေးသွားပြီး၊ နယ်ဒေသ များတွင် ရေကြီးရေလျှံမှုများနှင့် မြေငလျှင် လှုပ်ခတ်မှုများ ကြောင့်လည်း ဖြစ်နိုင်ကြောင်း ဝါရင့်ယာဉ်ရောင်းအကျိုး ဆောင် ကိုမြင့်ကျော်က ပြောသည်။
ယခုကဲ့သို့ကားဈေးကွက်အခြေအနေ မမှန်းနိုင်ဖြစ်နေ ရခြင်းမှာ ကားလောကသားများ မျှော်လင့်နေသည့် မူဝါဒ အပြောင်းအလဲများ ထွက်ပေါ်လာခြင်းမရှိသလို ရန်ကုန် ကား ဈေးကွက်ကိုသာ အခြေခံအရောင်းအဝယ်လုပ်ကြသဖြင့် ရန်ကုန်တွင် ဖရီးပါမစ်ကားလေးဈေးကွက် ယခုအချိန်အထိ ပီပီပြင်ပြင် မသတ်မှတ်နိုင်သေးသည့်အတွက် ရန်ကုန်ကား များ ဈေးကွက်အတွင်း ထွက်ပေါ်လာခြင်း မရှိသေးဘဲ ရန်ကုန် နှင့် အနီးစပ်ဆုံးနယ်ဒေသ (ပဲခူး၊ ဧရာဝတီ)များနှင့် မန္တလေး လိုင်စင်များသာ ထွက်ရှိနေပြီး ယင်းမှာလည်း ဇွန်၊ ဇူလိုင်လ များခန့်ကသာ အများအပြား ဝယ်ယူစီးနင်းမှုများရှိနေပြီး ဒီဘက်ပိုင်းတွင် နောက်ထပ်အကြား သတင်းများကြောင့် နယ်လိုင်စင် ကားသစ်များ စီးနင်းမှု နည်းသွားပြီးရှိပြီးသား ရန်ကုန်လိုင်စင်ပေါက် အက္ခရာဟောင်းများသာ ဈေးကွက် ပေါ်အောင် အရောင်းအဝယ်ဖြစ်လာကြောင်း ၎င်းင်းမှ သုံး သပ်ပြသည်။
ထို့ပြင် ယခုကာလအတွင်း နိုင်ငံခြားငွေ(ဒေါ်လာ)ဈေး တက်လာသလို၊ မူလတင်သွင်းရာ ဂျပန်နိုင်ငံ၏ ယန်းငွေဈေး မှာလည်း မြင့်တက်နေသဖြင့် ယခင်နှစ်များကလို ကားဈေး ကွက်အတွင်း ကားသစ်(တစ်ပတ်ရစ်)တင်သွင်းရန် မကြိုး စားဘဲ ရှိပြီးသား ဈေးကွက်တွင်းရောက် အက္ခရာတန်းနိမ့် ရန်ကုန်လိုင်စင်ကားများသာ မူလဈေးထက် ရှစ်သိန်း၊ ကိုးသိန်း အမြင့်ဈေးဖြင့် ဝယ်ယူစီးနင်းမှု  များလာကြောင်း သိရသည်။

Agency Ministry of Foreign Affairs
Category General