ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်
                                                    
                
	ယခုတစ်ပတ်တွင်  ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်နှုန်း များ မြင့်တက်ခဲ့သဖြင့် မြန်မာနိုင်ငံတွင်လည်း ငွေလဲနှုန်းများ မြင့်တက်နေရခြင်းဖြစ် ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
	ပြီးခဲ့သည့်တစ်ပတ်က ငွေလဲနှုန်း များမြင့်တက်ခဲ့သော်လည်း ဈေးပိတ် ရက် တွင် ပြန်လည်ကျဆင်းခဲ့သည်။ သို့သော် ဈေးကွက်ပြန်လည်ဖွင့်ချိန်တွင် ဈေးပြန် လည်မြင့်တက်ခဲ့ကာ ၁၂၁၂ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။  ထို့နောက် နေ့စဉ်ဈေးမြင့် တက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် ဈေးပြန်လည်ကျဆင်းခဲ့သည်။
	]]တစ်ကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတွေရဲ့ ငွေကြေးတွေရဲ့ ဖလှယ်နှုန်းတွေမြင့်တက် နေတဲ့အတွက် ဒီမှာလည်းမြင့်တက်နေတာပါ။ အမေရိကန်ဗဟိုဘဏ်က ဒီလထဲမှာ ဘဏ်တိုးနှုန်းကို မြှင့်တင်ပေးလိမ့်မယ်ဆိုတဲ့သတင်းတွေကလည်း ငွေလဲလှယ်နှုန်း ကို မြင့်တက်စေပါတယ်။ ဒါ ကြောင့် အခုလိုငွေလဲနှုန်းတွေ မြင့်တက်နေရတာပါ}}ဟု ပြင်ပငွေလဲစင်တာတွင် အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့ သည်။ ပြင်ပငွေလဲစင်တာများတွင် သြဂုတ် ၂၉ ရက်က ရောင်းဈေး ၁၂၁၂ ကျပ်၊ ဝယ်ဈေး ၁၂၁၀ ကျပ်ရှိခဲ့ပြီး သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် ရောင်းဈေး ၁၂၂၂ ကျပ်၊ ဝယ်ဈေး ၁၂၁၈ ကျပ်သို့ မြင့်တက်ခဲ့သည်။
	သို့သော် စက်တင်ဘာ ၁ ရက်တွင် ဈေးပြန်လည်ကျဆင်းခဲ့ရာ ရောင်းဈေး ၁၂၁၅ ကျပ်၊ ဝယ်ဈေး ၁၂၁၂ ကျပ်ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင်လည်း ထိုဈေး အတိုင်းပင် အရောင်းအဝယ်ပြုလျက်ရှိသည်။ မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန် သည့် ရည်ညွှန်းငွေလဲနှုန်းမှာ  သြဂုတ် ၂၉ ရက်က ၁၂၀၄ ကျပ်ရှိခဲ့ပြီး သြဂုတ် ၃၁ ရက်တွင် ၁၂၀၈ ကျပ်သို့မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ၁၂၁၀ ကျပ်သို့ ဆက်လက်မြင့်တက်ခဲ့သည်။    
	 
                        Agency Ministry of Foreign Affairs
                        
                        Category General