သြဂုတ်လကုန်ပတ် မုံရွာပဲဈေးကွက်ငုံနီနဲ့ ကုလားပဲတို့ ဈေးအနည်းငယ်မာလာ

မုံရွာကုန်စည်ဒိုင် သြဂုတ်လကုန်ပတ်  ပဲဈေးကွက်မှာ ငုံနီနဲ့ကုလားပဲမျိုးစုံ ဈေးဟာ လဆန်းပိုင်းက အနိမ့်ဆုံးဈေးသို့ ကျဆင်းခဲ့ရာမှ လလယ်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာ ငုံနီဈေးအနေနဲ့ ၂၇၅၀ဝ ကျပ်၊ ၂၈၅၀ဝ ကျပ်၊ ၃၁၅၀ဝကျပ်နဲ့ ၃၂၅၀ဝ ကျပ်အထိ အဆင့်ဆင့် မြင့်တက်လာခဲ့သလို ကုလားပဲ ဈေးကွက်မှာလည်း V2 တစ်တင်း ၃၆၀ဝ၀ ကျပ်မှ ၃၈၀ဝ၀ ကျပ်သို့ လည်းကောင်း၊ ထိုင်ဝမ်တစ်တင်း ၃၅၀ဝ၀ ကျပ်မှ ၃၇၀ဝ၀ ကျပ်နဲ့929 တစ်တင်း ၃၄၃၀ဝ ကျပ်မှ ၃၆၂၀ဝ ကျပ်သို့ အသီးသီးဈေးမြင့်တက်လာခဲ့တာ တွေ့ရပါတယ်။
ပဲတီစိမ်းဈေးကွက်မှာ တရုတ်ဝယ်လက်ပါးသလို အဝင်လည်းကျဲနေကာ ယခု တစ်ပတ်အတွင်း စိမ်းကြီးတစ်တင်း (ရှယ်) ၂၅၀ဝ၀ ကျပ် - ၂၃၀ဝ၀ ကျပ် နဲ့ (ညံ့) ၂၁၅၀ဝကျပ်၊ ၂၁၀ဝ၀ကျပ်အထိအမြင့်ဆုံးရခဲ့တာတွေ့ရပါတယ်။ ဒေသတွင်း လုပ်ငန်းသုံးအဝယ်သာရှိလို့ အိတ် ၁၀ဝ၊ ၂၀ဝ ခန့်သာ အရောင်းအဝယ်ဖြစ်နိုင်  တယ်လို့ ဆိုပါတယ်။ မတ်ပဲဈေးကွက်အနေနဲ့ ယခုတစ်ပတ်အတွင်း ပေါက်ဈေး မဖွင့်ခဲ့သည့်ရက်များပင်ရှိခဲ့ပြီး တစ်တင်း ကျပ် ၄၀ဝ၀ဝမှ ကျပ် ၄၆၀ဝ၀ ဝန်းကျင်နဲ့ အနည်းငယ်သာ အရောင်းအဝယ်ဖြစ်တယ်လို့ ကုန်သည်တချို့ထံမှ သိရပါတယ်။
အခြားပဲဈေးကွက်မှာ လိုရောင်းလိုဝယ်နဲ့ လက်လီအဝယ်သာရှိခဲ့လို့ ဈေး ဆက်လက်အေးခဲ့ရာ ယခုတစ်ပတ်အတွင်း အမြင့်ဆုံး တစ်တင်းပေါက်ဈေးမှာ ထောပတ်ပဲ ၁၁၅၀ဝကျပ်၊ စွန်တာနီ ၁၄၀ဝ၀ ကျပ်၊ ပဲနီလုံးကြား ၁၆၅၀ဝကျပ်၊ ပဲကြီး ၂၃၅၀ဝ ကျပ်၊ ပဲပုပ် ၁၇၅၀ဝ ကျပ်၊ ပုဂံပဲ ၁၇၅၀ဝကျပ်နဲ့မြေထောက်ပဲ ၁၈၀ဝ၀ ကျပ် အသီးသီးပေါက်ဈေးဖြစ်ခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင် ဈေးကွက်မှ လေ့လာသိရှိရပါတယ်။
ထွန်းလှိုင်(မုံရွာ)

Agency Ministry of Foreign Affairs
Category General