ပြည်ပမှ ဆိုင်ကယ်မျိုးစုံ စီးရေ တစ်သောင်းကျော် ဝင်ရောက်
                                                    
                
	သြဂုတ် တတိယပတ်အတွင်း တရုတ်၊ ထိုင်းနဲ့ အိန ́ိယ နိုင်ငံများမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၈၄
	သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၁၁၇၉  စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က တရုတ် နယ်စပ်၊ ထိုင်းနယ်စပ်နဲ့ အိန ́ိယ
	နယ်စပ် သုံးခုစလုံးမှ တင်သွင်းမှု လျော့ ကျသဖြင့် စီးရေ ၈၀ဝ ကျော် လျော့နည်း ခဲ့တယ်လို့ ကုန်သွယ်ရေး စခန်းများမှ
	သိရပါတယ်။ဆိုင်ကယ်တင်သွင်းမှု အခြေ အနေကိုကြည့်ပါက မူဆယ် ကုန်သွယ် ရေးဇုန်နဲ့ ကန်ပိုက်တီး ကုန်သွယ်ရေး
	စခန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၁ သန်း တန်ဖိုးရှိဆိုင်ကယ် ၉၇၁၆ စီး၊  မြဝတီ  ကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅၃ သန်း တန်ဖိုးရှိဆိုင်ကယ်၁၄၅၄စီးနဲ့တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ဝ၁၀ သန်း တန်ဖိုး ရှိ ဆိုင်ကယ်ကိုးစီးကို တင်သွင်းခဲ့တယ် လို့ ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ် ရေးဇုန်များမှ သိရပါတယ်။ကန်ပိုက်တီး ကုန်သွယ်ရေးစခန်း မှ သြဂုတ်လ တတိယပတ်အတွင်း တင်
	သွင်းခဲ့တဲ့ ဆိုင်ကယ်များကတော့ ဃဗြီဗ ၂၅ ဃဃ ၂၀၁၆ ဖြစ်တယ်လို့ သိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General