သြ၈ုတ်လ တတိယပတ်အတွင်း ထိုင်းနယ်စပ်မှ ရေထွက်ကုန် ပိုမိုတင်ပို့

မန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ သြဂုတ်တတိယပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၆ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၈၄၈ တန်ကို တင်ပို့ခဲ့ပါတယ်။ သြဂုတ် တတိယပတ်က ၁၇၃၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ တန် ၁၀ဝ ကျော်ကို မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်း၊ မြိတ် ကုန်သွယ်ရေးစခန်းသုံးခုလုံးမှ ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ရေထွက်ကုန်ပစ္စည်းများကို မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၅၁ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၄၇ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၃၅ သန်း တန်ဖိုးရှိ ကဏန်း ၁၉ တန်နဲ့ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၁ သန်း တန်ဖိုးရှိ ပုစွန် တစ်တန်ကျော်ကို လည်းကောင်း၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ အမေရိ ကန်ဒေါ်လာ သုညဒသမ ဝ၉၁ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၀၇ တန်ခွဲ၊ အမေရိကန် ဒေါ်လာ သုညဒသမ ဝ၁၄ သန်း တန်ဖိုးရှိ ကင်းမွန် ၈ တန်၊ အမေရိကန်ဒေါ်လာ  သုညဒသမ  ဝ၁၀ သန်း တန်ဖိုးရှိ ပုစွန်တစ်တန်ခွဲ၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၄ သန်း တန်ဖိုးရှိ အခြားရေထွက်ကုန်ပစ္စည်း ငါးတန်ခန့်ကိုလည်းကောင်း၊ မြိတ် ကုန်သွယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅၀ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၅၃၉ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၁၀၅ သန်း တန်ဖိုးရှိ ရေငန်ပုစွန် တန် ၂၀ ကျော် ၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၆ သန်း တန်ဖိုးရှိ ငါးအသားလွှာ ရှစ်တန်ကျော်၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၅ သန်းတန်ဖိုးရှိ ကင်းမွန်သုံးတန်နီးပါးနဲ့အမေရိကန်ဒေါ်လာသုညဒသမဝ၀၄သန်းတန်ဖိုးရှိကဏန်းအသေး(အသေ)တစ်တန်ခွဲကိုလည်းကောင်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Agency Ministry of Foreign Affairs
Category General