တောင်ကြီးမြို့တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးကုန်စည်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အားကစား ခန်းမတွင် သြဂုတ် ၂၆ရက်က ထိုင်း- မြန်မာ ချစ်ကြည်ရေး
ကုန်စည် ပြပွဲကို ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ ကုန်စည်ပြပွဲအား သြဂုတ် ၂၆ မှ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ထိုင်း-မြန်မာ ချစ်ကြည်ရေး ကုန်စည်ပြပွဲကို ရှမ်းပြည် နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး၊ နန်းခရိုင် ဒုအုပ်ချုပ်ရေး၊ နိုင်ငံခြား ကုန်သွယ်ရေး ဒုတိယ ညွှန်ကြားရေး မှူး၊ ချင်းရိုင်ခရိုင် ကုန်သည်များအသင်း ဥက္ကဋ္ဌ၊ ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေး ကော်မတီ အဖွဲ့ဝင်များ နှင့် ရှမ်းပြည်နယ်မှ ကုန်သည်များ တက်ရောက် ခဲ့ကြပါတယ်။ထိုင်း-မြန်မာ ကုန်စည်ပြပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက် ကတော့ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှု ပိုမို မြင့်မားစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် စီးပွား ရေးဝန်ကြီး ဦးစိုင်းညွန့်လွင်က အစိုးရသစ် လက်ထက်တွင်
ကုန်သွယ်မှုနှင့် ရ င်းနှီးမြှုပ်နှံမှုများကို ပြုပြင်ပြောင်းလဲ လျက်ရှိပြီး အားပေးလျက်ရှိပါကြောင်း၊ ထိုင်း-မြန်မာ အကြီး
အကဲများက မြဝတီတံတား အမြန်ပြီးစီးရေးကိုလည်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကို
အထူးပြောကြားလိုတာကတော့ ယနေ့ အချိန်အခါ ကာလ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း အကောင်း ဆုံး အချိန်ဖြစ်ပါကြောင်း၊ ထိုင်းနှင့် မြန်မာသည် ကမ္ဘာတည် သရွေ့ အတူနေထိုင်ရမည့် အိမ်နီးချင်းနိုင်ငံများဖြစ်သဖြင့် မြန်မာနိုင်ငံ စီးပွားရေး ကျဆင်းပါက ထိုင်းစီးပွားရေးသည် လည်း ဆက်နွယ် ကျဆင်းနိုင်ပါကြောင်း၊ အစိုးရသစ်လက် ထက်တွင် နှစ်နိုင်ငံ စီးပွားရေး မြှင့်တင်ရန် ဆန ́ပြင်းပြနေပါ ကြောင်း၊ ကုန်သွယ်မှုပြုကြရာတွင် အခြေခံကျသည့် အချက် များမှာ ပွင့်လင်း မြင်သာမှုရှိရေး၊ မျှတသော ကုန်သွယ်မှု ဖြစ်ပေါ်စေရေး၊ နယ်စပ်ကုန်သွယ်ရေးမှ တရားဝင်ကုန်သွယ်မှု ဖြစ်ပေါ်စေရေး၊ နှစ်နိုင်ငံ အခွန် အတိအကျ ရရှိစေရေး၊ နှစ်ဘက်ကုန်သည်များအား အာမခံချက်ပေးနိုင်ရေး၊ ရေရှည် တည်တံ့ခိုင်မြဲသော စီးပွားရေး တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့ ဖြစ်ကြောင်း၊ နယ်စပ် ထွက်ပေါက်များမှတစ်ဆင့် နှစ်နိုင်ငံ ကုန်သည်များ ပူးပေါင်းပြီး အခြားနိုင်ငံများသို့ ကုန်စည်များ တင်ပို့ရောင်းချနိုင်ရေး ဖန်တီးကြစေလိုကြောင်းနှင့် အစိုးရ အချင်းချင်း ကုန်သည်အချင်းချင်း အပြန်အလှန် ဆွေးနွေး ကြပြီး စီးပွားရေးမြှင့်တင်နိုင်ရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲ သည့် စီးပွားရေးတစ်ရပ် ထူထောင်သွားကြရန် တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ထို့နောက် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးက မယ်ဆိုင် မြို့သည် အထူးစီးပွားရေးဇုန် နေရာတစ်နေရာဖြစ်၍ စီးပွား ရေး တိုးမြှင့်လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း မြန်မာကုန် သည်များအနေဖြင့် ရင်းနှီးမြှုပ်နှံလိုပါက ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ကုန်စည်ပြပွဲတွင် မူဆယ်၊ ကျိုင်းတုံ၊ တာချီ လိတ်၊ နမ့်ခမ်းတို့မှ ကုန်သည်များနှင့် ချင်းရိုင်ခရိုင် ကုန်သည် များသည် ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာများကို လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ သိရပါ တယ်။ အဆိုပါပြပွဲတွင် ကုမ္ပဏီများမှ ဆိုင်ခန်းပေါင်း ၁၅၀ခန့် ခင်းကျင်း ပြသခဲ့ကြ တယ်လို့ သိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General