ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဝင်ငွေတိုးမြှင့်ရေး စီမံကိန်းအတွက် လျှောက်ထားနိုင်ရေး အစည်းအဝေးကျင်းပ

ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဝင်ငွေတိုးမြှင့်ရေး စီမံအမျိုးသားပို့ကုန် မဟာဗျူဟာရှိ ဦးစားပေး ကဏ္ဍများတွင် ပါဝင်သော
ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံကဏ္ဍ အရည်အသွေး စီမံခန့်ခွဲခြင်း ကဏ္ဍတို့နှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံရှိ
ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဝင်ငွေ တိုး မြင့်လာစေရေးအတွက် အစားအစာ လုံခြုံစိတ်ချရမှု တိုးတက်ရေးနှင့် အပင် ပိုးမွှား ရောဂါကင်းရှင်းရေး အစီအမံ များဆိုင်ရာ စီမံကိန်းကို ကမ္ဘာ့ကုန်သွယ် ရေး အဖွဲ့အစည်း၊ စံချိန်စံညွှန်းနှင့် ကုန်
သွယ်မှု ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ
နည်းပညာ အကူအညီပေး အကောင် အထည်ဖော်လျက် ရှိပါသည်။အဆိုပါ စီမံကိန်းနှင့် ပတ်သက်
သည့် အခြေခံ အချက်အလက်ကောက် ယူမှုနှင့် ဈေးကွက်လေ့လာရေး စစ်တမ်း များအပေါ် ၂၀၁၆ခုနှစ်၊ ဇွန်လအတွင်း
ရန်ကုန်မြို့၊ ငြ်္ဃဃှု တွင် ကျင်းပခဲ့ သည့် ဠေူငိအေငသည ျွှသမျု့သစ တွင် ဆွေးနွေးချက်များအရ စီမံကိန်းဝင်
အကျိုးရှိမည့်သူများအဖြစ် ပူးပေါင်း ပါဝင် လုပ်ကိုင်ရန် ဆန ́ရှိသည့် ဌာန ဆိင်ရာ ကိုယ်စားလှယ်များ၊ ပို့ကုန်လုပ် ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ လျှောက်ထားနိုင်ရေးအတွက် (နထစမနျငသည သ် ှုညအနမနျအ-နသှု) ခေါ်ယူရန် ညှိနှိုင်း
သည့် အစည်းအဝေးတစ်ရပ်ကို သြဂုတ် ၂၆ ရက်တွင် နေပြည်တော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ရုံး အမှတ် (၃)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။စီမံကိန်း အကောင်အထည်ဖော် မှုတစ်လျှောက် ပါဝင်ရန် ကတိကဝတ်
ပြုသူများသည် စီမံကိန်းဝင် အကျိုးရှိ သူများဖြစ်ပြီး ဆီထွက်သီးနှံကဏ္ဍ တန်ဖိုး ကွင်းဆက် လုပ်ငန်းစဉ်တစ်လျှောက်
အစားအစာများ အရည်အသွေး ပြည့်မီ ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုးရေး အလေ့အကျင့်ကောင်း
များ၊ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်များ၊ သိုလှောင်ရုံ ထိန်းသိမ်းမှု အလေ့အကျင့်ကောင်းများနှင့် သန့်ရှင်း
မှု အလေ့အကျင့်များ တိုးမြှင့်စေရေး အတွက် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ် ပြီး လိုအပ်သော သင်တန်းများ၊ အလုပ်
ရုံ ဆွေးနွေးပွဲများကို စီမံကိန်းတစ်လျှောက်  ၂၀၁၆ ခုနှစ် အောက်တိုဘာ လမှ ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း ပံ့ပိုးပေး
သွားမည် ဖြစ်ပါသည်။အဆိုပါ အစည်းအဝေးသို့ စိုက် ပျိုးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနနှင့်  သုတေ သနနှင့် ဆန်းသစ် တီထွင်မှုဦးစီးဌာနတို့မှ ပညာရှင် ကိုယ်စားလှယ်များ၊ ဆီထွက် သီးနှံ ပို့ကုန်လုပ်ငန်းရှင်များ၊ ပြုပြင်ထုပ်ပိုး သူများနှင့် ဆီစက်လုပ်ငန်းရှင်များ စုစု ပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ မြတ်မြတ်စိုးမိုး

Agency Ministry of Foreign Affairs
Category General